The Black Dahlia Murder

 




The Black Dahlia Murder


Trigger Warning ⚠️ // အကြမ်းဖက်မှု၊လူသတ်မှု၊သွေးထွက်သံယို သတင်း။ (Violence, Blood, Gore, Death, Mutilation) . 


The Black Dahlia Murder က ငယ်ငယ်က Deathcore တွေနားထောင်တုန်း သတိထားမိတဲ့ band ပါ။ Wikipedia ဖတ်ကြည့်မှ လူသတ်မှုအကြောင်း သိမိတာ။ အခုထိ အဲဒီအမှုက လက်သည် မပေါ်သေးဘူး။ ဖြစ်တာကလည်း 1947 တုန်းကဆိုတော့ အခုခေတ်လို forensic science  မထွန်းကားတာလည်း ပါမှာပေါ့။ အခုပြောမှာက လူသတ်မှုအကြောင်းပါ။ လောလောဆယ် American Horror Story season one ပြန်ကြည့်တုန်း တွေ့လို့ ရေးချင်မိလို့ပြန်ဖတ်ရင်း ရေးတာပါ။ အသဲငယ်တဲ့လူတွေ ၊ နှလုံးရောဂါအခံရှိတဲ့လူတွေ မဖတ်စေချင်ပါဘူး။


Elizabeth Short ဆိုတဲ့ကောင်မလေးကို အမေရိကန် အရှေ့ ပိုင်း Boston, Massachusetts မှာ မွေးပါတယ်။ မွေးချင်းငါးယောက်မှာ တတိယ သမီးပေါ့။ သူ့မိဘတွေက ပြေပြေလည်လည်ရှိပေမယ့် 1929 အမေရိကန် စတော့ရှယ်ယာဈေးကွက် ပျက်ပြီး Great Depression ဖြစ်တော့ အများနီးတူ ချွတ်ခြုံကျ သွားပါလေရော။ အဲဒါနဲ့ နောက်နှစ်ရောက်တော့ သူ့အဖေကားလေးဟာ တံတားတစ်ခု ပေါ်မှာ ရပ်ထားတာ‌ တွေ့တာနဲ့ တံတားပေါ်ကခုန်ချပြီး သေကြောင်းကြံသွားပါတော့တယ် ထင်ပြီး သူ့အမေလည်း ရှိတဲ့အိမ်လေးရောင်း၊ သမီးငါးယောက်နဲ့ အခန်းကျဉ်းကျဉ်းလေးထဲကိုပြောင်း၊ စာရင်းကိုင်လုပ်ပြီး လောကဒဏ်ကို ခါးစည်းခံပါတော့တယ်။ Elizabeth ဟာ ငယ်ငယ်က အဆုတ်ရောဂါအခံရှိလို့ အသက် ၁၅နှစ်မှာအဆုတ်ခွဲခဲ့ရပြီး ဆရာ၀န်တွေက ဆောင်းရာသီမှာ နွေးထွေးတဲ့ဒေသတွေမှာ နေဖို့အကြံပြုတာနဲ့ ဆောင်း၀င်ရင် သူ့အသိတွေရှိတဲ့ Miami မှာ သွားသွားဆောင်းခိုလေ့ရှိပါတယ်။ Elizabeth ၈တန်းလည်းရောက်ရော ကျောင်းကထွက်လိုက်ပါတော့တယ်။


1942 လည်းရောက်ရော Elizabeth တို့သေပြီလို့ထင်နေတဲ့ သူ့အဖေကြီးဆီက မမျှော်လင့်ပဲ စာတစ်စောင်‌ရပါတယ်။ စာထည်းမှာ သူဇာတ်မြုတ်နေမိလို့ ၀န်ချတောင်းပန်ထားပြီး လက်ရှိမှာ California အမေရိကန် အနောက်ဖက်ကမ်းခြေ မှာ အချေချနေတဲ့အကြောင်းပါပါတယ်။ အဲဒါနဲ့ Elizabeth အသက် ၁၈နှစ်လည်းရောက်ရော သူအသက် ၆နှစ်သမီးထည်းက မတွေ့တဲ့ သူ့အဖေရှိရာ California ကို ထွက်လာပါတော့တယ်။ ဒါပေမယ့် 1943 ရောက်ရော သူ့အဖေနဲ့စကားများလို့ အိမ်ပေါ်ကဆင်းပြီး တစ်အိုးတစ်အိမ် ထူထောင်ပါတယ်။ ပုံကတော့ 1943 တုန်းက အသက်မပြည့်ပဲ ဘားမှာအရက် သောက်လို့ မိသွားတုန်းက ရိုက်တဲ့ပုံပါ။ 1946 လည်းရောက်တော့ Elizabeth ဟာ LA ကိုပြောင်းပြီး စားပွဲထိုး လုပ်ပါသေးတယ်။ သူနဲ့သိတဲ့လူတွေကတော့ သူ့ကို မင်းသမီးဖြစ်လောက်တယ် ဆိုပြီး ချီးမွမ်းကြပါတယ်။


9th January 1947 မှာ Elizabeth ရဲ့ဘဲက သူ့ကို LA မြို့လည်က Baltimore Hotel မှာ ပို့ပေးခဲ့ပါတယ်။ ဟိုတယ်၀န်ထမ်းတွေကတော့ Lobby ထည်းကဖုန်းကို ဆက်နေတာတွေ့ ခဲ့ပြီး နောက် ဟိုတယ်နဲ့ မီတာ ၆၀၀ လောက်ဝေးတဲ့ ကော့တေးဘား မှာ အရက်သောက်နေတာတွေ့ခဲ့တယ် လို့ ဆိုင်လာတဲ့ဖေါက်သည်တွေကလည်း ဖြောင့်ချက်ပေးပါသေးတယ်။


⚠️ Warning ⚠️ Advance at your own risk !


15th January 1947 မနက်၁၀နာရီ‌ လောက်မှာ Betty ဆိုတဲ့ ကလေးအမေဟာ သူ့ရဲ့ ၃နှစ်သမီးနဲ့ South Norton Avenue, Leimert Park မှာ လမ်းလျှောက်ထွက်လာတုန်း Elizabeth ကိုတွေ့ပါတယ်။ အစက Betty ထင်လိုက်တာက စတိုးဆိုင်ရဲ့ အ၀တ်မော်ဒယ်အရုပ် mannequin လို့ထင်လိုက်ပေမယ့် အနီးကပ်သွားကြည့်လိုက်တော့မှ လူသေအလောင်းဖြစ်နေတာသိပြီး နီးစပ်ရာအိမ်ထည်း၀င်အကူအညီတောင်းကာ ရဲစခန်းကို ဖုန်းဆက်ပါတော့တယ်။


ရဲတွေရောက်လာမှ တွေ့လိုက်တာကတော့ Elizabeth ရဲ့ အ၀တ်မကပ်တဲ့ရုပ်အလောင်းဟာ ခါးလည်မှ နှစ်ပိုင်း ပြတ်နေပြီး သွေးတစ်စက်မှမရှိတာကြောင့် အသားအရေဟာ ဖြူဖြူဆွတ်ပြီး နှင်းကဲ့သို့ဖွေးနေပါတယ်။  သူမရဲ့ညာဖက်နို့အုံတစ်ခုလုံး ဖြတ်ထုပ်ခံရပြီး ၊ ပေါင်နှစ်ဖက်နဲ့ ခါးဘယ်ဖက်နို့အုံ အပြင်ဖက်နှင့် အပေါ်ပိုင်းမှာ လှီးဖြတ်ဒဏ်ရာတွေတွေ့ရပြီး အဆိုးဆုံးကတော့ သူမရဲ့ ညာဖက်မျက်နှာ ပါးစပ်ဘေးမှာ   ၃လက်မလောက်ထိ မျက်နှာပေါ်မှ ပါးစပ်ကိုဖြတ်ထားတဲ့ ဒဏ်ရာ နဲ့ ဘယ်ဖက်မျက်နှာမှာတော့ ၂လက်မခွဲခန့် အပြုံးပုံစံပြုလုပ်ထားတဲ့ ဒဏ်ရာ ဟောင်းလောင်းပေါက်ကြီး ကိုတွေ့ရပါတယ်။ အဲလိုမျိုးနှိပ်စက်တာကို Glasgow Smile, Chelsea Smile လို့ ခေါ်ပါတယ်( The Dark Knight ထည်းက Joker ပါးစပ်က ဒဏ်ရာလိုပေါ့)။‌အဆိုပါဒဏ်ရာများကို သူမသက်ရှိထင်ရှားရှိနေစဉ်မှာ လူသတ်သမားက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ စအိုအ၀မှာ ထိုးသွင်းဒဏ်ရာ တွေ့ရပြီး ဆေးစစ်တဲ့အခါမှာတော့ သုတ်ပိုးမတွေ့ရပါဘူး တဲ့။ခေါင်းအရှေ့နဲ့ ညာဖက်အခြမ်းမှာ တုံးသောလက်နှက်နဲ့  ရိုက်ခဲ့တဲ့ ဒဏ်ရာတွေရှိပြီး သေဆုံးတဲ့ အကြောင်းအရင်းကတော့ မျက်နှာကို လှီးဖြတ်ဒဏ်ရာနဲ့ ခေါင်းကို ရိုက်နှက်တဲ့အခါမှ ရရှိတဲ့ဒဏ်ရာကြောင့် သွေးထွက်လွန် သေဆုံးတာဖြစ်ပြီး၊သေဆုံးတဲ့အခါမှာတော့ လူသတ်သမားဟာ သူမကို အူသိမ်အစ နေရာကနေပြီး နှစ်ပိုင်းတိတိ ဖြတ်ခဲ့ကာ ချက်မှနေ ဆီးခုံအထိ ၄လက်မကျော်ကျော် ဒေါင်လိုက်ဖြတ်တောက်ခဲ့ပါတယ်။ အဆိုပါဒဏ်ရာများမှာ သေသေသပ်သပ် ရှိလှတာကြောင့် ခွဲစိတ်အထူးကု၊ ဆရာ၀န် သို့မဟုတ် ဆေးပညာအတွေ့အကြုံရှိ တဲ့သူမှ လုပ်ဆောင်တာလို့ ကောက်ချက်ချနိုင်ပါတယ်။ အဲဒီနောက်မှာ လူသတ်သမားဟာ တစ်ကိုယ်လုံးရှိ သွေးတွေကိုထုပ်၍ ရေစင်အောင်ဆေးခဲ့ပါတယ် အဲဒီနောက်မှာတော့ တစ်ကိုယ်လုံးကို သဲလွန်စမကျန်အောင် ဓါတ်ဆီနှင့်ပွတ်တိုက်ကာ စွန့်ပစ်မဲ့နေရာကို ယူဆောင်သွားပြီး ခန္တာကိုယ်အပေါ်ပိုင်းကို လက်မြောက်ရက်သား ၊ လက်ကို ၉၀ ဒီဂရီ ထားကာ ခန္တာကို အောက်ပိုင်းကို အပေါ်ပိုင်းနှင့် တစ်ပေခန့်အကွာမှာပေါင်ကားလျှက် နဲ့ သူမ အူနဲ့ အလီစာအချို့ကိုတော့ သူမတင်ပါးအောက်မှာ ခု၍ထားရှိခဲ့ပါတယ်။ သူမအလောင်းနားမှာ ကားဘီးယာ ၊ ဒေါက်ဖိနပ် ‌အရာနဲ့ သွေးပေနေတဲ့ ဘိလပ်မြေအိပ် ကို သဲလွန်စအဖြစ် တွေ့ရှိခဲ့ပါတယ်။


သူမအလောင်းကို ရင်ခွဲစစ်ဆေးရာမှာတော့ သူမဟာ အရပ် ၅ပေ၅လက်မ၊ ပေါင်ချိန် ၁၁၅ပေါင်၊ မျက်လုံးအပြာနု၊ ဆံပင်အညိုရောင်၊ နဲ့ သွားပိုးစားထားတဲ့ သွားတွေကို တွေ့ရပါတယ်။လက်၊‌ ခြေထောက်၊ ပေါင်နဲ့ လည်ပင်းတို့မှာ တုပ်နှောင်ထားခဲ့ ပုံရတဲ့ ဒဏ်ရာများတွေ့ရပါတယ်။ ညာဖက်နို့‌မှာတော့  အပေါ်ယံ အရေပြားပွန်းပဲ့ဒဏ်ရာ၊ ညာလက်ခုံ၊ဘယ်လက်နဲ့ဘယ်ဖက်ရင်ဘက်အပေါ်မှာလည်း အရေပြားအနည်းငယ် ပွန်းပဲ့နေတာတွေ့ရပါတယ်။ သူမအူလမ်းကြောင်းကို စစ်ဆေးရာမှာတော့ မစင်များတွေ့ရလို့ သူမကို လူသတ်သမားမှ မသေခင် အတင်းကြွေးခဲ့တယ်လို့ ကောက်ချက်ချရပါတယ်။   1943 ခုနှစ်က အသက်မပြည့်ပဲအရက်သောက်လို့ မိခဲ့တဲ့အမှုမှ လက်ဗွေရာ မှတဆင့် Elizabeth Short မှန်း သိသွားခဲ့ကြပါတယ်။ သူမအကြောင်းကို L.A Examinerသီတင်းစာ ခေါင်းကြီးပိုင်းမှာ ၃၅ရက်တိုင်တိုင် ဖေါ်ပြခဲ့လို့ နိုင်ငံတစ်ခွင် ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ပါတယ်။ သူမဟာ အမည်းရောင်ကိုနှစ်သက်မြတ်နိုးစွာ၀တ်ဆင်ပြီး Dahlia ပန်း ပန်လေ့ရှိတာကြောင့် သူမအမှုကို ခေါင်းကြီးပိုင်းမှ The Black Dahlia Murder လို့ ဖေါ်ပြခဲ့ပါတယ်။


သူမရဲ့လူသတ်သမားက Examiner သီတင်းစာတိုက်ကို21st January မှာ ဖုန်းဆက်ကာ ပစ္စည်းများကို ပို့လိုက်ပြီလို့ အကြောင်းကြားပြီး 24th Jan မှာတော့ Dahlia ရဲ့ပစ္စည်းများ လို့ ခေါင်းစဉ်တပ်ကာ Elizabeth ရဲ့ မွေးစာရင်း၊ သူမရဲ့ business card ၊ နောက်ဆုံးစာမျက်နှာအချို့ ဆွဲဖြဲခံထားရတဲ့ လိပ်စာ စာအုပ်၊ သူမနာမည်လက်ရေးမူ နဲ့ သတင်းစာထည်းမှ စာလုံးများကို ဖြတ်တောက်ရေးသားထားတဲ့ လူသတ်သမားရဲ့စာ တို့ပါ၀င်ပါတယ်။ အားလုံးကို သူမအလောင်းမှာဆေးထားသလိုမျိုး ဓါတ်ဆီနဲ့ဆေးကြောထားတာကြောင့် လူသတ်သမားပို့တယ်လို့ ယူဆရပါတယ်။ အဲဒီနေ့မှာပဲ သူမရဲ့ ဖိနပ်နဲ့ လက်ကိုင်အိတ်ကို အလောင်းတွေ့ရာနေရာရဲ့ ၂မိုင်အကွာ အမှိုက်ပုံးပေါ်မှာ ဓါတ်ဆီနဲ့ဆေးကြောသုတ်သင်ထားသလိုမျိုးပုံစံနဲ့ တွေ့ရှိရပါတယ်။ FBI က စာအိပ်ပေါ်မှ လက်ဗွေယာတွေ့ရှိခဲ့ပေမယ့် ဓါတ်ခွဲခန်းယူအသွားမှာ အသုံးပြုမရအောင် ပျက်သွားခဲ့ပါတယ်။ The Black Dahlia Murder ကို လူအင်အားတစ်ထောင်နီးပါး အသုံးပြုကာ ရှာဖွေခဲ့ပြီး အဲဒီအချိန်က တရားခံဖြစ်ကြောင်းဝန်ခံခဲ့သူ ၆၀ကျော်ရှိပြီး ယနေ့ထိ ၀န်ခံသူ ၅၀၀ ရှိကာ လူသတ်သမားလို့သံသယရှိသူပေါင်း ၁၅၀ ကျော် ရှိခဲ့ပေမယ့် ယခုအချိန်ထိ တရားခံ မတွေ့ခဲ့ပါဘူး။

တရားခံထည်းမှာ အဖြစ်နိုင်ဆုံးတစ်ယောက် ကတော့ Gorge Hodel ပဲ ဖြစ်ပါတယ်။ သူ့အကြောင်းက လူသတ်မှုထက် အော်ဂလီဆန်တာမို့ မရေးတော့ပဲ ဒီမှာပဲ နားပါရစေ။  


The Black Dahlia Murder အကြောင်းသိချင်ရင်တော့ 


- I am the Night (2019) limited TV

- The Black Dahlia (2006)

- Spider-Man : Far from home (2019)

- American horror story season one (2011)

- L.A Noire video game (2011)

- Black Dahlia Avenger (2003) by L.A စုံထောက်အငြိမ်းစား Steve Hodel က သူ့အဖေရဲ့အကြောင်း စုံစမ်းပြီး ရေးသားထားတဲ့ Best Seller စာအုပ်


တွေမှာ ရှာလေ့လာနိုင်ပါတယ်။


အားလုံးကိုကျေးဇူးပါ။ 

Special Thanks to my editor Betty !


Source: https://en.wikipedia.org/wiki/Black_Dahlia?wprov=sfla1




https://www.pdfdrive.com/black-dahlia-avenger-a-genius-for-murder-d176202986.html

https://www.imdb.com/search/keyword/?keywords=black-dahlia 


Crime scene photos တွေကတော့ အရမ်း brutalized ဖြစ်တာကြောင့် မဖေါ်ပြတော့ပါဘူး။


စိတ်အနှောင့်အယှက်ဖြစ်သွားရင်လည်းတောင်းပန်ပါတယ်။ လောကမှာ ဒီလိုလူတွေရှိသေးတာကို သိစေချင်လို့ပါ။

No comments:

Post a Comment

Back to Top

MMDW ရဲ့ ပင်မတင်ဆက်မှု တစ်ခုဖြစ်သည်