Posted by Unknown at 7:02 AM Friday, August 12, 2016
ဖြစ်ရပ်မှန်ကိုအခြေခံသော ဤဇာတ်လမ်းသည် လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က ပဲခူးမြို့တွင်အမှန်တကယ်ဖြစ်ပွားခဲ့ပါသည်..... ပဲခူးသား ညီတစ်ယောက်ထံမှ သတင်းစကားကိုအခြေခံရေးသားပါသည်.....
*နေထွဋ်နောင်ရေးသားသည်.....
( ၁ ) အောင်မိုးနှင့် ဇော်လေးတို့သည်သူငယ်ချင်းများဖြစ်ပါသည်.... အိမ်နီးခြင်းကျောင်းနေဘက်သူငယ်ချင်းများဖြစ်ကြသလို ဖွားဘက်တော်ဟုပြောရလောက်အောင် လူမှန်းသိတက်စကတည်းက အတူတတွဲတွဲကြီးပြင်းလာခဲ့ပြီး ယခုတော့သောက်အတူ စားအတူ နှစ်ကိုယ့်တစ်စိတ်ဟုပင်ပြောရပါတော့မည်...........
အဘယ်ကြောင့်ဆိုသော်အရွယ်ရောက်လာချိန်တွင် အရက်သောက်အတူ ဆေးခြောက်ရူလဲအတူတူပင်.... ဒီလိုနှင့်ဆယ်ကျော်သက်အရွယ်လောက်တွင်မိုက်သွေးလေးကလဲကြွလာနေပြီး ရန်ကလေးဘာလေးဖြစ်လာလျှင်လဲ အတွဲညီညီဖြင့်သွေးစီးကြပါသည်... ဒီလိုနှင့် သူတို့မိဘများကလဲပြောမရသည့်အဆုံး လုပ်ချင်ရာသာလုပ်တော့ဟုသော သဘောမျိုးဖြင့်လက်လျှော့ထားလိုက်ကုန်၏..........
``ဟေ့ကောင်ဇော်လေး အားရင့်ငါ့ဆီခနလာအုံး...´´...........
``အိမ်ရှေ့တခါးပေါက်ဝတွင်အကျီၤမပါကိုယ်တုံးလုံးဖြင့်ထိုင်ပြီး သီချင်းညည်းနေသောဇော်လေးကို အောင်မိုးကအသာအချက်ပြရင်းလှမ်းခေါ်လိုပါသည်...ဇော်လေးကလဲ အောင်မိုး၏ထူးထူးခြားခြားအမူအယာကြောင့် ကိစ္စတစ်စုံတစ်ရာအရေးပါမှန်းသဘောပေါက်သွားပြီး ပုဆိုးကိုပြင်ဝတ်ရင်းအောင်မိုးအိမ်ပေါ်သို့တက်သွားခဲ့ပါသည်..............
``လာလာ ငါမင်းကိုပြစရာရှိတယ်... လက်ဆောင်ပေးမလိုကွ...မင်းစောက်ရမ်းခိုက်သွားမယ်...´´.............
အိမ်ခန်းထဲရောက်သွားတော့ အောင်မိုးက သတင်းစာစက္ကူ နှင့်သေချာစွာပတ်ထားသော ရှည်မျောမျောအရာနှစ်ခုကိုထုပ်ပြလာပါသည်............
``ဘာတွေလဲကွ အရေးတကြီး စက္ကူ နဲ့တောင်ထုပ်ပြီးပတ်ထားရတာ...´´...........
``မင်းကြည့်လိုက်လေ ယောက်ဖရာ မင်းသဘောကြမှာပါကွ...´´...........
ဇော်လေးလဲ သိချင်ဇောကိုမထိမ်းနိင်တော့ပဲ အောင်မိုးလက်ထဲက စက္ကူ နှင့်ပတ်ထားသည့်အရာများကိုဖြေကြည့်လိုက်တော့ စစ်သုံးဓားမြှောင်းအဟောင်းနှစ်လက်ဖြစ်နေပါသည်.... သဘောကျလွန်းလို့ သူမျက်လုံးများတွင်အရောင်များပင်လက်လာနေသလိုပင်.............
``မင်း မင်းဘယ်ကရလာတာလဲ အောင်မိုး...´´ ...........
``စိုးကြီးတို့ အသိတစ်ယောက်ဆီကဝယ်လာတာ တစ်လက် ငါးထောင်တောင်းတာ နှစ်လက်ကို ခုနှစ်ထောင့်ငါးရာနဲ့ရလာတယ်.. မင်းအတွက်တစ်ချောင်းလေ...´´............
``မိုက်လိုက်တာ ယောက်ဖရာ မင်းတကယ်နော်တဲ့ကောင်ပဲကွာ ဟားဟား...´´............
``အေး အခုကစပြီး အပြင်သွားရင် ဒါလေးတွေကိုယ်စီဆောင်သွားကြတာပေါ့ကွာ... မင်းအိမ်ကမမြင်အောင်လဲထားအုံး ယောက်ဖ...´´............
``အေးပါကွာ စိတ်ချစမ်းပါ... ငါအသက်နဲ့လဲပြီးကာကွယ်ပါ့မယ်... အဟဲ...´´..............
( ၂ ) ယနေညနေချမ်း အောင်မိုးနှင့်ဇော်လေးတို့ အရက်ဆိုင်တွင်အချိန်းဖြန်းပြီး အေးအေးလူလူသောက်နေကြပါသည်.... ဆေးလိပ်ကုမ္ပဏီတခုမှပြသော ပရီးမီးယားလိဂ်ဘောလုံးပွဲကိုလဲအရက်ဆိုင်မှပြသော တီဗွီဖြင့်အတူထိူင်ကြည့်နေကြပါသည်.... သူတို့ဝိုင်းထဲတွင်လဲ အခြားသူငယ်ချင်းလေးယောက်လောက်လဲ သူတို့နှင့်အတူကြည့်နေကြပါသည်...............
ဘောပွဲပြီးတော့ ညဆယ်တစ်ခွဲကျော်နေလေပြီ.... လောင်းထားသည့်အသင်းရှုံးသောကြောင့် သူတို့နှစ်ယောက်သားပေါက်ကွဲနေကြပါသည်..............
``လုပ်ပွဲကြီးပါကွာ ီး မှပဲ...´´...........
``သူတောင်းစားတိုက်စစ်မူး ပန်နဒီတောင်ဝင်အောင်မကန်နိင်ဘူး...´´............
``အစထဲကငါပြောပါတယ် ဒီအသင်းကမယုံရပါဘူးလို့.. မင်းတို့မှလက်မခံတာ ဟားဟား...´´..............
``အေးပါ စိုးကြီးရာ စိတ်လေပါတယ် ငါတို့လစ်တော့မယ်...´´............
``ကဲ ဘော်ဘော်တွေ ငါတို့လစ်တော့မယ်...´´..........
``အေးအေး ဆိုင်ကယ်ကို ဂရုစိုက်မောင်းနော် လမ်းမီးတွေက မလာဘူး ယောက်ဖတို့....´´..............
``အေးပါကွာ ငါတို့လစ်ပီ...´´............
ဒီလိုနှင့် ဇော်လေးကအောင်မိုးကိုတင်ကာ ဆိုင်ကယ်မောင်းရင်းနေအိမ်ရှိရာမြို့သစ်ပိုင်းသို့ပြန်လာကြပါသည်.... လမ်းမီးများမကောင်းသလို ဆိုင်ကယ်ဘတ်ထရီကလဲ မကောင်းလှသောကြောင့် သည်လိုညသန်းခေါင်အချိန်တွင် မဲမဲမှောင်နေသော တောနက်ကြီးအတွင်းဆိုင်ကယ်မောင်းနေရသလိုပင် ..... ထိုကြောင့် ဆိုင်ကယ်ကိုအရှိန်တအားမတင်ရဲပဲ ထိမ်းမောင်းလာနေရင်းဖြင့် ရုတ်တရက်ဆိုင်ကယ်က ဒိန်းကနဲဆောင့်လိုက်သလို ဖြင့်ခါထွက်သွားခဲ့ပါသည်.............
``အမလေးကွာ တော်သေးတယ် ငါပြုတ်ကျတာ့မလို့...´´...........
``ဘီးပေါက်သွားပီထင်တယ်အောင်မိုးရေ...´´...........
``ဒီလိုနှင့်ဆိုင်ကယ်ကိုရပ်ကြည့်တော့ နောက်ဘီးကလုံးလုံးပေါက်သွားခဲ့လေပြီ... အခုမှ သူတို့ဒုက္ခတွေ့လေပြီ... အစကတည်းကရှေ့ဘီးလေနဲနေသည့်ကြားမှနောက်ဘီးပါပေါက်သွားခဲ့သောကြောင့်ပင်... လေထိုးကျွန်ဖာဆိုင်တခုခုရှာတွေ့မှဖြစ်တော့မည်............
``ရှေ့နားမှာ လေထိုးဆိုင်တစ်ဆိုင်ရှိတယ် မှီပါအုံးမလား မသိဘူး ဇော်လေးရေ...´´...........
``အေးလာလာ ဆိုင်ကယ်တွန်းသွားကြမယ်...´´............
``တစ်လှည့်စီတွန်းကြတာပေါ့ကွာ ပြသနာတော့မရှိပါဘူး သန်းခေါင်ထက်ညည့်မနက်တဲ့ကွ...´´..........
``အခြားကပြသနာမရှိဘူးကွ ဆိုင်ကယ်ဘတ်ထရီမကောင်းတော့ မီးသိပ့်မလင်းတော့ လမ်းမှာမြွေတက်နင်းမိမှာတခုပဲ...´´.............
ရှေ့ဆက်လျှောက်လာကြပြီး ကျွတ်ဖာဆိုင်သို့ ရောက်လာတော့ သူတို့နှစ်ယောက်ကံမကောင်းကြပါ... လေထိုးကျွတ်ဖာဆိုင်ကပိတ်သွားလေပြီ..............
``တောက် ဆိုင်က အစောကြီးပိတ်သွားတာကွာ...´´...........
``ဘယ်ကစောရမှာလဲ ဇော်လေးရဲ့ ညဆယ်နှစ်နာရီထိုးနေပီ... ငါ့တိုဘောပွဲပီးတာတောင် ဆယ်တစ်ခွဲကျော်နေပီ...´´...........
``အေးလေကွာ မူးမူးလေးနဲအိမ်ပြန်ပြီးယူမလားစိတ်ကူးမိပါတယ်... ဆိုင်ကယ်တွန်းနေရတာချွေးပျံပြီးသေတော့မယ်...´´...........
``ကဲ ငါတစ်လှည့်တွန်းမယ်မင်းနားလိုက်အုံး ဇော်လေး...´´.............
ရှေ့နားတွင်လဲ လေထိုးကျွတ်ဖာဆိုင်သုံးလေးခုကိုတွေ့လိုက်ရသေးသော်လဲ ထိုဆိုင်များလဲပိတ်နေကြလေပြီ.... ဆိုက်ကယ်ဘတ်ထရီမီးရောင်ကလဲ တဖြည်းဖြည်း ပိုးစန်းကြူ းအလင်းရောင်ပမာအားနဲနေလေပြီ........
ဇော်လေးက သူတို့ရှေ့မှာလူရိပ်အချို့လျှောက်လာနေတာကိုမြင်လိုက်ရပြီး သူဘယ်ဘက်ခြမ်းမှဖြတ်ကျော်သွားလေမလဲဟုတွေးနေစဉ်မှာပင် ထိလူရိပ်များက ရိပ်ကနဲပျောက်ကွယ်သွားကြပါသည်.... ဇော်လေးတအံ့တအောဖြင့် ဘာကိုမှစဉ်းစားမရတော့ပါ..............
အောင်မိုးတစ်ယောက်လဲ နောက်မှခြေသံလိုလိုကြားနေရသောကြောင့် လူတစ်ဦးဦးသူတို့နောက်မှလျှောက်လာနေသည်ဟုထင်နေပါသည်.... ဘယ်သူများညကြီးမင်းကြီး အရေးတကြီးလမ်းလျှောက်နေပါလိမ့်.... သူတို့လိုပင်ဘောပွဲကြည့်ပြီးအိမ်ပြန်လာနေသူတစ်ဦးဦးပင်လော.... အသိဖြစ်ရင်လဲကောင်းသား အဖော်ရတာပေါ့ဟုလဲ သူတစ်ဆက်ထဲတွေးလိုက်မိပြန်ပါသည်.............
နောက်ကိုလှည့်ကြည့်လိုက်တော့လဲ ဘယ်သူမှရှိမနေပါ.... ခြေသံကတော့ တရှပ်ရှပ်ဖြင့် သူနားထဲတွင်ကြားနေရဆဲ.... အံ့အောပြီးထိပ်လန့်လာနေသောကြောင့် အောင်မိုးတစ်ယောက်ရင်တွေပင်တထိတ်ထိတ်ခုန်လာနေပါသည်.... ဆိုင်ကယ်ကိုတွန်းလာနေသော သူ့လက်မှားလဲတဆက်ဆက်တုန်ပြီးအေးစက်လာနေသလိုလို...........
``အောင် အောင်မိုးရေ.. စောစောကရှေ့မှာလူအုပ်ကြီးလမ်းလျှောက်လာနေတာ ငါ ငါတွေ့လိုက်တယ်...´´..........
``အဲ့ဒီတော့ ဘာဖြစ်လဲ...´´...........
``သေသေချာချာကြည့်လိုက်တော့ ဘယ်သူမှမရှိတော့ဘူး...´´...........
``ငါလဲ နောက်ကလိုက်လာတဲ့ခြေသံကြားလို့ လှည့်ကြည့်လိုက်တာ ဘယ်သူမှမတွေ့ရဘူးကွ...´´............
``ငါ ငါတို့ကို သရဲခြောက်နေပီထင်တယ်... အောင်မိုး...´´...........
``ဟာကွာ ဟုတ်လို့လားကွာ ဒီညဘာတွေဖြစ်နေတာလဲ.. ငါလဲ မသိတော့ပါဘူး...´´...........
ယခုတော့ အောင်မိုးနှင့်ဇော်လေးတို့နှစ်ဦးသားအမူးများပင်ပြေကာချွေးစေးများလဲထွက်လာနေလေပြီ.... ငယ်ရွယ်ပြီးဇလဲအသင့်အတင့်ရှိကြသော သူတို့နှစ်ဦးသား အခုတော့စိုးရွှံ့ထိတ်လန့်ခြင်းများကို ကိုယ်စီခံစားနေကြရလေပြီ.... အမှောင်ထုကလဲ ပိန်းပိတ်အောင်မဲမှောင်နေပြီး ညည့်ပိုးကောင်အော်သံများကသာကြီးစိုးနေပါသည်.... တစ်ချက်တစ်ချက်ထွက်ပေါ်လာနေသော ညည့်ငှက်ဆိုးထိုးသံများကလဲ သူတို့ကို ပိုမိုကြောက်လန့်လာအောင်ဖိအားပေးနေသလိုပင်............
ဒီလိုနှင့်သူတို့နှစ်ဦးသား ပဲခူးဆေးရုံအနောက်
ကျုံးပတ်လမ်းနေရာသို့ရောက်ရှိနေကြလေပြီ.... ထိုနေရာကမြေကြမ်းလှသည်ဟုလဲနာမည်ကြီးပါသည်.... ကျူံ းရေထဲမှအမှိုက်နှင့်ဒိုက်ဖက်များထံမှပဲ နံနေသလားတော့မသိပါ.... အောက်သိုးသိုးပုတ်အက်အက်အနံကြီးကလဲ သူတို့နှားခေါင်ထဲသို့စူးနစ်စွာဝင်ရောက်လာနေပါသည်.... အရေးထဲ မနီးမဝေးမှခွေးအုပ်ကြီးကလဲ ဆွဲဆွဲငင်ငင်ထအူနေပြန်ပါသေးသည်....တစ်စုံတစ်ခုသော ဝိညဉ်ပရလောကသားတွေကို တွေ့နေသည်အလား............
``ငါ ငါသေးပေါက်ချင်လို့ဇော်လေး မင်းပေါက်အုံးမလား...´´...........
``ဟင်အင်း ငါမပေါက်ချင်သေးဘူး မင်းပေါက်ချင်ပေါက်လေ...´´...........
``အေးအေး ခနလေး ငါသေးပေါက်လိုက်အုံးမယ်...´´.............
အောင်မိုးတစ်ယောက်ကျံးနဘေးသေးပေါက်နေသည်ကို ဇော်လေးကဆိုင်ကယ်ကိုကိုင်ထားရင်းရပ်စောင့်နေပါသည်.... သူမျက်လုံးများကတော့အားနဲလှသည့်ဆိုင်ကယ်မီးရောင်ဖြင့်ရှေ့တူရူ့သို့လှမ်းကြည့်နေမိပါသည်.... ပင်ပန်းနေပြီး အရက်ရှိန်ကလေးကြောင့်လဲ သူကမြေပေါ်သို့ပစ်လှဲချလိုက်ပြီး အိပ်ပစ်ချင်မိလောက်အောင်ပင်............
ထိုစဉ်မှာပင် လူရိပ်ကြီးတစ်ရိပ်ကရှေ့ပေလေးငါးဆယ်လောက်မှလျှောက်လာနေပါသည်.... ထိုလူရိပ်ကို သူကကြည့်နေစဉ်မှာပင်တဖြည်းဖြည်းသူ့နားသို့ချည်းကပ်ရောက်ရှိလာနေပါသည်.... နီးလာလေ ထိုလူရိပ်ကြီးကအတော်ထွားကြိုင်းလှသောလူတစ်ယောက်ဖြစ်ပြီး ခေါင်းတွင်လဲဆံပင်ဆုတ်ဖွားမုတ်ဆိတ်ကျင်စွယ်ထူပြောသောလူတစ်ယောက်ဖြစ်ကြောင်းသူဆိုင်ကယ်မီးရောင်ထဲမှ မြင်နေရပါသည်..............
ပြီးတော့ထိုသူသည်ထွားကြိုင်းသည်ဆိုသည်ထက်ပင်ပိုနေပါသေးသည်.... အဘယ်ကြောင့်ဆိုသော်သာမန်လူတွေခြားမှာ မြင်တွေ့ရခဲလောက်အောင်ပင်ကြီးမားလွန်းနေသောကြောင့်ပင်.... ခက်တာက သူအခုအတိုင်းဆက်လျှောက်လာပါက သူနှင့်ရပ်နေသောဆိုင်ကယ်ကိုဝင်တိုက်မိပေတော့မည်...သို့သောထိုလူကလုံးဝဂရုမစိုက်ပဲ ရှေ့သို့ရဲရဲတင်းတင်းကြီးလျှောက်လာနေလေပြီ............
သိပ့်မကြာလှပါ ငါစက္ကန့််ခန့်သော အချိန်အတွင်းမှာပင် ထိုသူကဇော်လေးနှင့်ဆိုင်ကယ်ကိုဝင်တိုက်ခဲ့လေပြီ.... အားပါသောဝင်တိုက်ခဲ့မှု့ကြောင့်လဲလက်ထဲမှာဆိုင်ကည်လွတ်ပြီးလဲကျသွားသလို သူလဲဟနချက်ပျက်ကာယိုင်သွားခဲ့ရပါသည်...... ကြောက်လန့်နေရာမှာ ယခုလိုအသလွှတ်ဝင်တိုးခံလိုက်ရသောကြောင့်လဲ ဇော်လေးတစ်ယောက်ဒေါသဖြစ်သွားခဲ့ရပြန်ပါသည်..............
``ဟေ့လူ ခင်ဗျား ကန်းနေလား... ဒီမှာလူတစ်ယောက်လုံးဆိုင်ကယ်မီးဖွင့်ရပ်နေတာတောင်မမြင်ဘူးလား...´´.........
ထိုသူက သူ့ကိုမျက်လုံးနှစ်လုံးပြူ းနေအောင်ကြည့်နေရင်းစားတော့ဝါးတော့မလိုပင်.... သူကလဲဝင်တိုက်သလို သူကလဲဒေါသထွက်နေပါသေးသည်..... ပြီးတော့အနောက်သို့ယိုင်ပြီး သုံးလေးလှမ်းရွေ့သွားသောသူ့ထံသို့ ဆက်တိုးလာနေပါသည်.... ဆိုင်ကယ်ကလဲကျနေသောကြောင့် မီးရောင်ကမြေပြင်ပေါ်ကပ်ထိုးနေပြီး အစထဲကအားမကောင်းသောအလင်းမှာသဲ့သဲ့မျှပင်ရှိနေပါတော့သည်............
ထိုစဉ်မှာပင် အဖြစ်အပျက်မှာမြန်ဆန်လှလွန်းသောကြောင့် သေးပေါက်နေသော အောင်မိုးတစ်ယောက်နောက်ပြန်လှည့်ကြည့်ရင်းကြောင်ပြီးရပ်နေပါသေသည်....... သူမြင်နေရသည်ကတော့ ဇော်လေးထံသို့ရာမလူဘီလူကြီးတစ်ကောင်ကချည်းကပ်လာနေပြီး ဖမ်းဆီးဝါးမျိုတော့မလိုပင်.... ထိုစဉ်မှာပင်ထိုလူရိပ်ကြီးက ဇော်လေးကိုဝင်ပြီးအတင်းထိုးကြိတ်နေပါသည်.... ဇော်လေးငုံရှောင်ရန်ကြိုးစားနေသည့်တိုင် အနဲငယ်ထိုးမိသွားသည့်အလား ခွပ်ကနဲမည်သံနှင့်အတူအနောက်သို့ပြိုဆင်းလာပါသည်.............
ထိုလူရိပ်ကြီးက ဇော်လေးကိုအနားမပေးပဲဆက်လက်ထိုးကြိတ်နေသလို ဇော်လေးကလဲတက်အားသ၍ပြန်လယ်ထိုးသက်နေသည့်တိုင် သူ့လက်သီးချက်များကိုတော့ ထိုလူရိပ်ကြီးက လုံးဝမဖြုံပါ.... ဖွဲအိပ်ကြီးကိုလက်သီးဖြင့်ထိုးနေသည့်ပမာပင်... ထိတ်လန့်အံ့အောစွာ ကြက်သေသေပြီးကြည့်နေသော အောင်မိုးတစ်ယောက် အသိဝင်လာပြီး ကြောက်စိတ်ကိုအာတင်းကာထိုလူရိပ်ကြီးကို အားကုန်ပြေးကန်လိုက်ပါတော့သည်.............
သူ့ကန်ချက်က ထိုလူရိပ်ကြီး၏ရင်ဝကိုကောင်းစွာထိမှန်သွားခဲ့ပါသည်.... သို့တိုင်ထိုလူကြီးက နောက်သို့ပစ်လဲကျမသွားပဲ အောင်မိုးသာမြေပြင်သို့ဖင်ထိုင်လဲကျသွားခဲ့ပါသည်.... ထိုစဉ်မှာပင် ထိုလူကြီး၏ဧရာမလက်ကြမ်းကြီးများက သူမျက်နှာနှင့်ဦးခေါင်းတစ်ဝိုက်ကို ပြင်းစွာထုနှက်ထိုးကြိပ်နေပါသည်... သူလဲအားရှိသရွေ့လက်နစ်ဖက်ဖြင့်မျက်နှာကို ကြိုးစားကာကွယ်နေရှာပါသည်..... ဒီလိုနှင့် သူကုန်းရုန်းဖို့ကြိုးစားနေသည့်တိုင် သူခေါင်းပင်မဖော်နိင်တော့ပဲမြေပြင်သို့သာပတ်လက်လဲကျသွားခဲ့ပါသည်...........
သူ့မျက်လုံးများပင်ကောင်းကောင်းမဖွင့်နိင်တော့ပါ.... သို့သော်နားထဲတွင်ဇော်လေး၏ဆဲဆိုကြိမ်းဝါးသံနှင့်အတူဗလုံးပထွေးရေရွတ်အော်ဟစ်သံများကိုကြားနေရပါသည်.... သူမျက်လုံးဖွင့်ကြည့်လိုက်တော့ဇော်လေးက စစ်သုံးဓားမြှောင်ကိုဆုတ်ကိုင်ရင်း ထိုသူနောက်ကျောမှ ခွပြီးဓားဖြင့်အချက်ပေါင်းများစွာထိုးနှက်နေပါသည်..... ဒီတော့မှအောင်မိုးလဲ အားတင်းပြီး သူပေါင်တွင် ကြိုးဖြင့်ချည်နှောင်ဝှက်ယူလာသော ဓားမြောင်ကိုဆွဲထုပ်ယူနိင်လိုက်ပါသည်...............
ဓားချက်များစွာထိုမိထားသည့်တိုင် မသေနိင်သေသောထိုလူရိပ်ကြီးက ရုန်းကန်ပြီးပြန်လည်တိုက်ခိုက်နေရာ ဇော်လေးတစ်ယောက်မြေပြင်ပေါ်သို့ပက်လက်ပြန်လဲကျသွားပြီး လယ်ပင်းအညှစ်ပင်ခံနေရလေပြီ....... အောင်မိုးလဲရှည်ရှည်ဝေးဝေးစဉ်စားမနေတော့ပဲ ထိုသူကိုကျောမှခွပြီး ဓားဖြင့်ဆက်တိုက်ထိုးချနေလိုက်ပါသည်...... ယခုတော့သူတို့နှစ်ဦးပေါင်၏ဓားချက်များကမနဲလှသလို ထိုသူ့ထံမှ သွေးလိုလိုပုတ်အက်အက် ရနံ့ဆိုးဆိုးအရည်များစီးကျလာနေပါသည်.............
မီးရောင်အားနဲမှုကြောင့် အရောင်ကိုတော့သဲကွဲစွာမတွေ့ရပါ.... သွေးများပင်ဖြစ်လိမ့်မည်ဟုသူထင်နေပါသည်.... ယခုတော့ဇော်လေးလဲပြန်ထလာနိင်ပြီး သူတို့နှစ်ယောက်၏ပေါင်းဓားချက်များစွာက ထိုလူရိပ်ကြီးကို ဆက်တိုက်ထိုးနှက်နေကြပါသည်..... ထိုလူရိပ်ကြီးလဲမြေပြင်သို့လဲကျသွားလေပြီ.... သူတို့နှစ်ဦးသားလဲ မောဟိုက်ပြီးချွေးတွေရွှဲနေသလို အသက်ကိုပင်မနဲရူနေရပါသည်...............
``ဘယ် ဘယ်ကကောင်ကြီးလဲ...´´..........
``မ မသိဘူးလေကွာ မင်းနဲ့ထိုးနေမှ အသံကြားလို့ ငါတွေ့လိုက်တာ...မင်းဆီကဆိုင်ကယ်ဝင်လုတာလား...´´...........
``မဟုတ်ဘူး ဝင်တိုက်ပြီး အသားလွတ်ငါ့ကိုဝင်ထိုးနေတာ... အား ကျွတ်ကျွတ်ငါ့မျက်နှာလဲ ဘာတွေဖြစ်ကုန်ပီလဲမသိဘူး...´´............
ဇော်လေးက ပြန်ဖြေနေရင်းသူမျက်နှာရှိဖူးဖောင်းယောင်ကိုင်းနေသော ဒဏ်ရာများကိုလက်ဖြင့်စမ်းကြည့်လိုက်ပါသည်...... သူရှေ့မှ အောင်မိုကိုလှမ်ူကြည့်လိုကတော့လဲ ဖူးယောင်နေသည့်အပြင်မျက်လုံးတစ်လုံးပင်ပိတ်လုလုဖြစ်နေကြောင်းသူတွေ့လိုက်ရပါသည်.... ကံကောင်းလွန်းလို့သာ သူတို့နှစ်ယောက်မသေခြင်းဟူလဲ သူတွေးကြည့်နေမိပါသည်..............
``ဇော် ဇော်လေး သူ သူထလာနေပြီ...´´.........
``ဟင် မ မသေသေးဘူးလား...´´..........
မြေပြင်ပေါ်တွင်ငြိမ်သက်နေသည် ထိုလူရိပ်ကြီးက မသေနိင်သေးပဲ တလှုပ်လှုပ်ဖြင့်ပြန်ထလာရန်ကြိုးစားနေလေပြီ.... ယခုတော့ဓားချက်ပေါင်းတရာထက်မနဲထိုးခံထားရသော အရိပ်ကြီးက ဖုတ်ကောင်ကြီးတစ်ကောင်လို့ ပြန်ထလာပေတော့မည်.... သူတို့နှစ်ဦးသား အကြောက်လွန်းပြီးဘာလုပ်ရမှန်းပင်မသိတော့... ထိုလူသေကောင်ကြီးကိုဖုတ်များဝင်နေပါသလား.............
``အောင် အောင်မိုးရေ ထထ တခုခုလုပ်ပါအုံး...´´...........
ဇော်လေးကပြောပြောဆိုဆို လမ်းဘေးမှလူအရိုးခေါင်းခွံလောက်အရွယ်လောက်ရှိသော ကျောက်ခဲကြီးတစ်လုံးကို ကောက်ယူနေပါသည်.... ပြီးတော့ ခေါင်းထောင်လာနေသည့် ထိုလူကြီး၏ဦးခေါင်းကို တအားထုချလိုက်ပါသည်.... အောင်မိုးလဲ ထိုလောက်ပင်ရှိသော ကျောက်ခဲတစ်လုံးကိုကောက်ယူပြီး ဇော်လေးလိုပင်ထုချလိုက်ပြန်ပါသည်.... ထုသာထုနှက်နေကြသော်လဲ သူတို့နှစ်ယောက်လုံးကြောက်လွန်းလို့ တဆက်ဆက်တုန်နေလေပြီ..............
``သေ သေလောက်ပါပီကွာ ပြန် ပြန်ကြမယ်ဇော်လေး... အိမ်အမြန်ပြန်ရအောင်...´´..........
``အေး အေးပါ... သူ သူသေပီထင်တယ်...´´...............
ထိုသို့ဖြင့်ပင် ဘီးပေါက်နေသောဆိုင်ကယ်ကို ရှေ့နှောက်တွန်းရင်းနှစ်ယောက်သားအိမ်သို့ မြန်နိင်သမျှပြေးနေကြပါသည်.... တစ်ချက်တစ်ချက်လဲမှောင်ပိန်းနေသောနောက်သို့လှည့်ကြည့်ရင်း တုန်လှုပ်ခြောက်ခြားနေကြပါသည်...... ထိုဧရာမလူရိပ်ကြီးများပြန်ထလာနေမလားဆိုသော အတွေးကလဲ သူတို့နှစ်ဦးကို အချိန်နှင့်အမျှ ခြိမ်းခြောက်နေသောကြောင်ပင်....ယခုတစ်ကြိမ်သာ ထလိုက်လာခဲ့ရင်တော့ သူတို့ရင်ဆိုင်နိင်စရာပင်ခွန်အားမရှိတော့ပြီ.........
ဘေးခြင်းကပ်အိမ်ရှေ့သို့ရောက်တော့ နှစ်ဦးသားစိတ်မလုံမလဲ နောက်သို့လှည့်ကြည့်ရင်း ဆိုင်ရာအိမ်များပေါ်သို့ အပြေးတက်သွားခဲ့ကြပါသည်..... ဇော်လေးတစ်ယောက်အိပ်ယာထဲရောက်တော့ အရိပ်ကြီးကိုသာမြင်ယောင်နေပြီး သူခြင်ထောင်နှဘေးတွင် ထိုအရိပ်ကြီးက မတ်တပ်ရပ်နေသလို အကြိမ်ကြိမ်ရိပ်ကနဲမြင်မြင်နေရပါသည်... သေချာကြည့်လိုက်တော့လဲ ဘယ်သူမှမရှိတော့ပြန်ပါ..... မျက်လုံးမှိတ်ထားလျှင်လဲစောစောကအြဖ်အပျက်များကို ပြန်မြင်ယောင်နေပြန်ပါသည်............
ထိုစဉ် မီးခြစ်ခြစ်သံကြားလိုက်ရပြီး ထရံကြားမှ ချောင်းကြည့်လိုက်တော့အောင်မိုးအိပ်ယာနေရာလောက်မှ ဆေးလိပ်သောက်နေခြင်းဖြစ်ကြောင်း သူတွေ့လိုက်ရပါသည်.... အောင်မိုးမအိပ်သေးပါ သူလဲ သူ့လိုပင်စိတ်ခြောက်ခြားနေပေတော့မည်..... နောက်ဆုံးတော့ ဇော်လေးတစ်ယောက် စိတ်ခြောက်ခြားမှုဒဏ်ကိုမခံနိင်တော့သည့်အဆုံး အိမ်တွင်လဲ ဆက်မနေရဲတော့ပါ...........
လူသက်မှုကိုဝန်ခံပြီး ကိုယ်တိုင်အဖမ်းခံလျှင်အမှု့ပေါ့ကြောင်းလဲသူကြားဖူးနေသည်မဟုတ်ပါလား....တကယ်တော့ အရွယ်ရောက်ခါစ ဇပြချင်နေသောစိတ်ကလေးရှိများရှိကြသည့်တိုင်တကယ့်အတွေ့အကြုံရှိရာဇဝင်လူဆိုးကြီးများလဲမဟုတ်သောကြောင့် စိုးရိပ်စိတ်၏စိတ်ဖိအားကို မခံနိင်တော့ပါ...........
သူဘယ်လိုမှမတက်နိင်တော့ပါ မျက်လုံးထဲမှဖျောက်ဖျက်မရသောထိုလူရိပ်ကြီးကို ဆက်လက်မြင်ယောင်နေခြင်းဒဏ်ကို သူမခံစားနိင်တော့ပါ... ထောင်ကျသည့်ကမှ ကောင်းပါသေးသည်.... နောက်ဆုံးတော့ ဇော်လေးက လက်နိပ်ဓာတ်မီးဖြင့်အောင်မိုးအိပ်ယာ ထရံနေရာကိုလှမ်းထိုးပြီး အချက်ပြနေပါသည်.... အောင်မိုးဘက်မှလဲ မီးရောင်ပြန်ပြလာပါသည်.... ဒီလိုနှင့် သူတို့နှစ်ယောက်သား အိမ်နှစ်အိမ်ရှေ့တွင်ပြန်ဆုံဖြစ်ခဲ့ကြပြန်ပါသည်............
``ငါ ငါအဖမ်းခံလိုက်တော့မယ်အောင်မိုး... အိမ်မှာလဲဆက်မနေရဲတော့ဘူး... ရဲသိသွားလို့လာဖမ်းရင် အပစ်လဲပိုကြီးမယ် သွားအဖမ်းခံကြမယ်ကွာ...´´............
``အေး ငါလဲ မင်းလိုပဲ ဘယ်လိုမှကိုနေလို့ထိုင်လို့မရတော့တာ ဒါဆိုရင်လဲ.. အ အဖမ်းပဲသွားခံကြမလား...´´..............
ဒီလိုနှင့်သူတို့နှစ်ဦးသား ဓာတ်မီးကိုယ်ဆီထိုးရင်း ရဲစခန်းသို့လျှောက်လာခဲ့ကြပါသည်... ကျန်လက်တစ်ဖက်စီတွင်တော့စစ်သုံးဓားမြှောင်ကို ကိုယ်စီတင်းကြပ်စွာဆုတ်ကိုင်ထားကြပါသည်... စိတ်အတွင်းမှာတော့ ထိုဓားများနှင့်မလိုက်ဖက်စွာစိုးရိမ်ကြောက်လန့်နေလွန်းလှပေတော့သည်.............
( ၃ ) အိပ်ပျော်နေသော ကင်းတာဝန်ကျရဲသားက ခေါ်သံကြားလိုက်ရသောကြောင့်ခေါင်းထောင်ထလာပါသည်..... သူမြင်လိုက်ရသည့်မြင်ကွင်းကတော့ လူငယ်နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ခါးဖက်ရင်း သူကိုအော်ခေါ်နေခြင်းသာ..... စခန်းတွင်လဲမီးပျက်နေသောကြောင့် မျက်နှာကိုတော့ သဲသဲကွဲကွဲမမြင်ရပါ.... သူအိပ်ပျော်နေတာ လူသိသွားသည် ရှက်စိတ်ကိုဖုံးဖိရင်းခပ်တည်တည်မေးမြန်းလိုက်ပါတော့သည်.............
``ဘယ်သူတွေလဲ ဘာကိစ္စရှိလို့လဲကွ...´´...........
``ဟို ဟို ကျွန်တော်တို့လူသက်လာလို့ပါ...´´............
``ဟေ... ဘယ် ဘယ်လို...´´............
``ဟုတ် ဟုတ်ပါတယ် ပဲခူးဆေးရုံအနောက်ဖက်ကျုံးပတ်လမ်းနားမှာပါ...´´.............
``ဟင် အေး ဒါဆိုလာလာ စခန်းထဲကိုလိုက်ခဲ့ကြ...´´..............
မကြာမှီအချိန်အတွင်းမှာပင်တာဝန်မူးရောက်ရှိလာပါသည်.... သူတို့ကိုစေ့စေ့ကြည့်ပြီး သူလဲအံ့အောနေပါသည်... ညကြီးမင်းကြီဆယ်ရှစ်နှစ်ထက်မကြီးလောက်သော ချာတိတ်ကလေးနှစ်ယောက်က လူသက်လာကြောင်း ကိုယ်တိုင်ဝန်ခံပြီး လာအဖမ်းခံနေကြခြင်းမှာအံ့အောစရာပင်....... သူတို့မျက်နှာတွေမှာလဲ ဖူးယောင်နေသောကြောင့်သာသူယုံလိုက်မိခြင်းပင်..............
``မင်းတို့ အမည်လိပ်စာနဲ့ အဖအမည်ပြောကြ ဘယ်နားမှာဘယ်လိုဖြစ်ပြီး လူသက်လာတာလဲ ပြောကြ စစ်ချက်ယူမယ်...´´.............
သူတို့နှစ်ဦးသားလဲ ညအရက်ဆိုင်တွင်ဘောပွဲကြည့်ရမှ ပြန်လာပြီးဆိုင်ကယ်ဘီးပေါက်ရာမှ ထိုဧရာမလူကြီးရောက်ရှိလာပီး ပြသနာဖြစ်ပွားပုံကို အကျည်းချပ်ပြောပြလိုက်ပါသည်.... ပြီးတော့ ထိုရဲအရာရှိနှင့်ရဲများက သူတို့ကိုအခင်းဖြစ်ပွားရာသို့စစ်ဆေးရန်ခေါ်ဆောင်သွားကြပါသည်.............
ထိုနေရာ ရောက်တော့ ဆိုင်ကယ်လဲကျရာနေရာ သူတို့ပြောသည့်ကျောက်တုံးများအပါအဝင်ခြေရာလက်ရာအချို့ကိုတော့တွေ့ရှိခဲ့ကြရပါသည်.... လူသေအလောင်း၊သွေးနှင့် အခြားသက်သေတစ်စုံတစ်ရာကိုတော့ လုံးဝမတွေ့ရှိကြရပါ..........
``ဒီနေရာမှာအခင်းဖြစ်ပြီး ဖြစ်ပြီး လူသက်လာတာရောသေချာရဲ့လားကွ...´´..........
``သေချာပါတယ် ဆရာ ကျွန်တော်တို့ သူမသေပဲပြန်ထလာလို သူ့ခေါင်းကိုထုတာလဲ ဒီကျောက်တုံးကြီးတွေပါပဲ...´´............
``ခက်တော့ခက်နေပီ... ဒီလောက်ကျောက်တုံးကြီးနဲ့ခေါင်းကို ဝိုင်းထုထားတာတောင်အသေကောင်ကလမ်းထလျှောက်သွားတာလား... ဓားနဲ့လဲအချက်ပေါင်းမရည်မတွက်နိင်အောင်ထိုးခဲ့ကြသေးတယ်ဆိုကွ...´´...........
``ဟုတ်ပါတယ် ကျွန်တော်တို့ တကယ်လုပ်ခဲ့ကြတာပါ ဆရာရယ်...´´..........
``သူ သူနောက်တခါပြန်ထလာတာနေမယ်ဇော်လေး...´´..........
အောင်မိုးစကားကြောင့်ရဲများပင်ကြက်သီးထသွားမိကြပါသည်.... သူတို့အမူအယာများကလဲနောက်ပြောင်နေသလိုမဟုတ်ကြောင်သိသာလသလို သူတို့မျက်နှာမှ ဖူးယောင်နေသောဒဏ်ရာဒဏ်ချက်များကလဲ သက်သေခံနေကြပါသည်....လူသက်လာကြောင်းနောက်ပြောင်ပြီးထောင်ထဲအပျင်းပြေးဝင်နေကြဖို့ကြိုးစားနေသည်ဟုဆိုရမည်မှာလဲ လက်တွေမဆန်လှပြန်ပေ..............
``ကဲ ဒါဆို ဒီလိုလုပ်ကွာ ဇင်မျိုးနဲ့စိုးဦးက ဆေးရုံထဲဝင်ပြီးအရေးပေါ်လူနာရှိမရှိစုံစမ်း... ကျော်သိန်းနဲ့ဝင်းထွန်းကအခြားစခန်းတွေမှာ ထူးခြားတာရှိမရှိသွားစုံစမ်းကြည့်ကြ... လာငါတို့ကစခန်းပြန်ကြမယ်...´´...............
ဖြစ်ရပ်ကတော့ ထူဆန်းလှပါသည်... ဆေးရုံကြီးအပါအဝင်အခြားစခန်းများတွင်လဲ ဒဏ်ရာရလူနာနှင့်ထူးခြာသော အမှု့အခင်းတိုင်ကြားမှုများလုံးဝမရှိပဲ အခြေအနေအေးဆေးကြောင်ူသာသတင်းရရှိခဲ့ကြပါသည်.... ထိုကြောင့်လဲ ဇော်လေးနှင့်အောင်မိုးတို့ကို နောက်သုံးရက်ခန့်ဆက်လက်ထိမ်းသိမ်းချုပ်နှောင်ထားခဲ့ကြပြီး အာမခံဖြင့်ပြန်လွှတ်ပေးခဲ့ကြပါသည်............
ထို့နှောက်လအနဲငယ်အကြာတွင်တော့တရားလိုမရှိ တိုင်ကြားအမှု့ဖွင့်သူမရှိ အလောင်းလဲမရှိသော ထိုအမှုကို ပလှပ်ပြီး အမှုပိတ်ခဲ့ရပါတော့သည်.... ထိုကြောင့်လဲ ဇော်လေးနှင့်အောင်မိုးတို့မှာ ယနေ့အချိန်ထိပဲခူးမြို့တွင် အပစ်ကင်းသော တရာခံဟောင်းများအဖြင်ဆက်လက်ရပ်တည်နေထိုင်လျှက်ရှိပါသည်.... ထို့ကြောင့်လဲ ထိုညက သူတို့ကြုံတွေ့လိုက်ရသော ထူးဆန်းသောဧရာမအရိပ်မဲသတ္တဝါကြီးမှာလဲ သက်ရှိလူသားဆိုသည်ထက် ပရလောကနှင့်ဆက်နွယ်သော တစ်စုံတစ်ရာသာဖြစ်နိင်ကြောင်းတွေးထင်အပ်ပေတော့သည်...............!
ပြီးပါပြီ........
Written by - နေထွဋ်နောင်.....
31.5.2106.. John Jack Junior







No comments:
Post a Comment