အမဲသား တပွက်လန် စားချင်တာတဲ့ ။
မငြိမ်းအေး ချဉ်ချင်းတပ် ပုံကကြော
ချမ်း ကြက်သီးထစရာကြီး။
ည ညဆိုလဲ ရှိသမျှ အိုးခွက် ပန်း
ကန် လှန်ပြီး အကပ် အသပ် ဆီနှစ်
မကျန်အောင် ထ ထစားတာ ဗိုက်
ပြည့်တယ်မရှိဘူး။
အမြဲ ဆာနေတဲ့မငြိမ်းအေး အရင် ဒီကိုယ်ဝန် မစွဲခင်က ကြောင်စာ ကြွက်စာ တို့ကနန်း
ဆိတ်ကနန်း စားတာ။
အစားကလဲ ရွေးသေး ခြေလေးချောင်းသား မို့
ငါးအကောင်ကြီးလို့နဲ့...
ဒါက တတိယမြောက် ကိုယ်ဝန်ပါ။
ကြာတော့ကိုချစ်စိန် သံသယရှိ
လာတယ်။
သူ စားနေ သောက်နေပုံနဲ့ခြံစောင့်
လခက တစ်ဈေး ငါးရက် တောင်မခံ
ဘူး။
မစားရ မသောက်ရ ရင်လဲ မျက်ထောင့်နီကြီးနဲ့အံကြိတ်နေတာ သွားကြိတ်သံ တစ်ကျွိကျွိ နဲ့နဂိုကမှ ရူပါရုံက ဆံပင်ပါးပါး ကျိုးတိုးကျဲတဲ
နဖူး မောက်မောက်က သပိတ်ရင့်ရောင် မျက်လုံးပြူး မျက်တွင်းနက်နက် ကွမ်းစားထားတဲ့သွားမဲ
မဲနှစ်ချောင်းက ငေါထွက်နေ သေး။
ဗိုက် ကလွဲရင် အရိုးပေါ် အရေတင်
ခန္ဓာကိုယ်ကို ဆောင့်ကြောင့်ထိုင်
လို့ ညအခါ ရေနံဆီ မီးခွက်
မီးရောင် အောက်မှာ ဗိုက်ဆာလို့
ဒေါသ ထွက်နေတာ စာဖတ်သူတွေကို
ပြချင်တယ်။
ခြံရှင် သူဌေး ပို့ထားတဲ့တစ်လစာ
ငပိ ငါးခြောက် ကြက်သွန် အာလူး
တွေလဲ သုံးလေးရက်နဲ့ပြောင်ရော။
ချောင်းထဲက ငါးလေး ဖားလေး
တောထဲက ယုန် ဖွတ် ပဒတ်တွေ
လည်း မျိုးတုံးတော့မယ်။
ကလေးနှစ်ယောက် ကိုတော့အရိုး
အရင်းတောင် မသဒ္ဒါ ချင်သူ။
သူ့မှာ စားနေတုံးတောင် နောက်
ထပ်စားဖို့အစာကို ပါးစပ်က တတွတ်တွတ် ရွှတ်ပြီး ညွန်ကြားနေ
တာ မြင်ပျင်းကပ်စရာ ကောင်းလှ
တယ်။
ကိုယ်သားမယားပဲ ဘယ် မကျွေးချင်
ရှိပါ့မလဲ။
လွန်လွန်းအားကြီး လာတော့ဟိုလူပြောမိ ဒီလူရင်ဖွင့်
မိတာနဲ့သူတို့အကြံပေးတဲ့
ဆရာဦးဘရင် ဆီ ရောက်ခဲ့တယ်။
ဆရာက ဒူးခေါင်းနှစ်လုံးကြား ထဲ ခေါင်း
သွင်း ကွမ်းညပ်သေးသေးလေး နဲ့
ကွမ်းသီး စိပ် နေရာက မော့တောင်
မကြည့်ပါဘူး။
" မင်းမိန်းမ မြေဖုတ်ဘီလူး ကိုင်တာ'
ခြံရဲ့အနောက်တောင် ဒေါင့်မှာရှိ
တဲ့တောင်ပို့ကြီးမှာ ဘာများ မရိုမသေ သွား လုပ်ပြန်ပြီလဲ မသိ သွား.. ငါ့ခြံ
ထဲက သစ်တော့ပင် အောက်မှာ
ပေါက်နေတဲ့အရွက် ချွန်ချွန် အမွှေး
ထူထူနဲ့အရွက် ၇ရွက် ခူးခဲ့"
လို့ဆိုပါတယ်။
အရွက် တွေ ရတော့ဒူးလေး တုပ်လို့
ဘုရားစင်ရှေ့မှာ မန်း မှုတ်ပြီး ဆေး
အိတ်ထဲက နီညိုရောင် ဆေးတောင့်
လေး တစ်တောင့် ပါပေးလိုက်သေး။
ခုနှစ်ရက် တိတိ လာယူဖို့လည်းမှာ
လိုက်ပါတယ်။
ခြံရောက်တော့ ဆရာမှာတဲ့အတိုင်း
အရွက်ပြုတ်ရည် နဲ့ဆေးတောင့်ကို
ရောကြိတ် အစားကောင်း ကျွေး
မယ်ချော့ပြောပြီး တိုက် လိုက်တာ..
မကြာဘူး.. လူးလိမ့်အော်ဟစ်ပြီး
ရင်ပူ လှပါပြီ သေရချည်ရဲ့.. နဲ
့ကြမ်းပါတော့တယ်။
လိမ္မော်သီး ဆွတ်တဲ့ အလုပ်သမား လေးငါးယောက် ခေါ်
ဝိုင်းချုပ်တာ ဒီလောက်ဗလ သေးသေး မငြိမ်းအေးကို မနိုင်ဘူးဗျာ။
အတော်လေး ကြာအောင် နဘန်းပွဲ
ကျင်းပကြပြီးမှ ချွေးသံတရွဲရွှဲနဲ့အိပ်
ပျော် သွားရှာတယ်။
ကျန်တဲ့ လူတွေလည်း ပက်လက် လန်ရော။
သူဌေး မလာခင် ကိုယ့်အလုပ် ကိုယ်
ပြေးလုပ်ကြ ရသေး။
တစ်နေ့အရွက် တစ်မျိုးနဲ့၇ရက်လည်း
ပြည့်ရော ညနေခင်းကြီး
"ဗိုက်နာတယ် ဗိုက်အောင့်တယ် "
ပြောလို့ငဲအိုကို ရွာထဲလွှတ် ဝမ်းဆွဲဆရာမ ပင့်ခေါ် ခိုင်းရတယ်။
ဆရာမက လမှ မစေ့သေးပဲ မမွေးသေး ပါဘူးပြော တုံးရှိသေး "ဖလွှတ်" ဆို မဲမဲလုံးလုံး ကြီး ထွက်လာရော။
လန့်ဖျန့်ထခုန် မိတာလဲ မပြောနဲ့သွေးခဲတုံးကြီး ကျနေတာပဲဗျာ။
အကြောက် ပြေတော့
စိတ်ထဲက တောင် ဟိုဖက်ခြံက ညို
လုံးဆိုတဲ့ကောင်နဲ့မိန်းမကို တောင်
တယ် မသင်္ကာချင်သလို ဖြစ်မိသေး။
သေချာကြည့်တော့ ကလေး ပေါက်
စလေးမှာ သွား ငုတ်တိုလေး ၄
ချောင်း ပါသဗျ။မျက်ခွက် ကတော့မ
အေတူသားမို့ထားပါတော့ ကျုပ်
စိတ်ထဲ သရိုးသရီနဲ့အရေးထဲ ငဲအို
ဆိုတဲ့ကောင်က ကလေး အသေကို
လက်ညှိုးထိုးပြီး ဘီလူးညီလေး
ဘီလူးညီလေး နဲ့ဘုမသိဘမသိ
ခေါ်နေသေး။
ညတွင်းခြင်း ရွာသားတွေ အကူအညီ
နဲ့သင်္ချ ိုင်းမှာ သွားမြှုတ် သင်္ဂြ ိုလ်
ပြီးပြန်လာ ရွာသားတွေ ပြန်လို့အိပ်
မယ်လုပ်တော့ တဲပတ်ပတ်လည်
"တက်" တစ်ခေါက်ခေါက် နဲ့လမ်း
လျှောက်နေတာ တစ်ညလုံး အိပ်မ
ရပါဘူး။ တူမီးသေနတ် နဲ့ထပစ်
လိုက်မှ အိပ်ရတယ်ဗျာ။
ဒါတောင် အိပ်မက်ထဲလာပြီး
"မင်း လက်ဦးသွားလို့ပေါ့ကွာ
မင်း လက်ဦးသွား လို့ပေါ့ ချစ်စိန်ရာ
ဟင်းး မဟုတ်လို့ကတော့
တစ်ရွာလုံး အပြုတ်ပဲ"
ိဆိုပြီးလာကြိမ်းဝါးနေသေးသဗျ။
အိုး စူး
Ohe Sue Usoe.
(ဟုတ်တာမဟုတ်တာထား )






No comments:
Post a Comment