ဒီအဖြစ်လေးဟာ တကယ် ဖြစ်ရပ်မှန်ပါ... သရဲဆိုတာ တကယ်မရှိဘူးလို့ ထင်ခဲ့မိတယ် ဒါပေမယ့် အခုတော့ ယုံလိုက်ပါပြီ တကယ်ရှိပါတယ် ပြောပြမယ်နော်
ရွာတစ်ရွာမှာပေါ့ ကိုကျော်တင့်ဆိုသူ ရှိပါတယ် အသားညိုညို အရပ်မြင့်မြင့်ပေါ့ ချမ်းသာသော တောသူဌေး တစ်ယောက်ပါ သူကို ရွာထဲမှ အမျိုးသမီးများ တော်တော်လေး သဘောကျသူပေါ့ ဒါပေမယ့် ကိုကျော်တင့်ဟာ မမေနိုး ကိုသာ ချစ်ခဲ့တယ် မမေနိုးက ရိုးရိုးလေးနေပြီး အသားဖြူဖြူ မျက်တောင်မွေးကောင်းကောင်း ရွာတွင် အေိချာဆုံးပါ အိမ်ပြင်ကိုလည်း မထွက်တတ်ဘူး အိမ်တွင်းအောင်း အလှပိုင်ရှင်ပါ ဆင်းရဲသူ မဟုတ် ပေမယ့် မချမ်းသာပါ သူတို့၂ယောက် ချစ်ကြိုက်ပြီး ခိန်းတွေ့ရာ အချိန်လွန်၍ ခိုးပြေးကြရသည် အရမ်းချစ်ကြသူတွေပါ အားလုံး သူတို့ကို ကြည့်ပြီး အားကျနေတယ် နောက်တော့ ကလေးရပါ တယ် သမီးလေးပါ နာမည်ကို သွန်းသွန်းသုသာ လို့ပေးကြတယ်
ဖြစ်ချင်တော့ သွေးနု သားနု အချိန်မှာပဲ ရွာထဲတွင် ငါးလောင်း ဆက်တိုက် သေကြတယ် နောက်ဆုံး သေတာက သူတို့အိမ်ဘေးက ကိုနိုင်မင်းပါ အစိမ်းသေလေ အသက် ၃၅လောက် ရှိတယ် အသတ်ခံရတာ ၇ရက်ခြား ၅ရက်ခြား သေကြတယ် ဒါကြောင့် ကြောက်လန့်နေချိန်မှာ သူလည်း သွေးလန့်တာနဲ့ ရောဂါ အခံနဲ့ ပေါင်းတော့ သေသွားတယ် ကလေးလေးက ၃လ သမီးလေးပါ ကျန်ခဲ့တယ် ဒီလိုနဲ့ ကိုကျော်တင့်ဟာ မိဘတွေနဲ့ အတူနေရင်း ကလေး ၃နှစ်ပြည့်တော့ နောက်မိန်းမ ယူလိုက်တယ် အပျိုလေးပါပဲ ဒီလိုနဲ့ ကိုကျော်တင့်ဟာ လယ်ရာတွေ များစွာပိုင်သူဆိုတော့ တောဓလေ့ ဆိုတာက မိုးရာသီမှာ လယ်ထဲမှာ ငါးတွေ ဖမ်းကြတယ် အခြောက်လုပ်ပြီး ၃ရာသီ စားကြရတယ် ဆယ်လို့ခေါ်မှာပေါ့ တညကို အိမ်ကနေ ၂ခေါက်သွားပြီး သယ်ရပါတယ် နောက်ထောင်ပြုတာ မကြာသေးတော့ သူ့ရဲ့ ဇနီး အသစ်လေးကို လယ်ထဲ မခေါ်ရက်ဘူး တစ်ယောက်တည်းသွားတယ်
တနေ့ ည၂နာရီထိုးလောက် လယ်ထဲကို သွားရတယ် အဖော်မပါဘူးပေါ့ ဓာတ်မီး တစ်လက် ငါးထည့်မဲ့ ပလိုင်းကြီး တစ်လုံးနဲ့ သွားပါတော့သည် သွားရသည်မှာ ရွာနဲ့ ၂မိုင်လောက် ဝေးပါတယ် သူသွားရတဲ့ လမ်းဘေးမှာ ၃ပေခန့်မှာ သစ်ပင်တပင် ရှိပါတယ် ညောင်ပင်အိုပါ အသွားတုံးက ဘာမှ မဖြစ်ပါဘူး အပြန်မှာ ငါးတွေနဲ့ ပြန်လာခဲ့တယ် သူ့က သစ်ပင်အောက် ရောက်လာတော့ သူ့ရဲ့ စိတ်ထဲ တမျိုးဖြစ်လာတယ်တဲ့ ကျက်သီးတွေထ လာတယ် ဒါပေမယ့် သူဟာ အားတင်းလိုက်တယ် အို့ငါ အလာတုံးကတောင် ဖြတ်လာသေးတာပဲ ဘာမှ မဖြစ်နိုင်ပါဘူး ဆိုပြီး သီချင်းလေး ငြီးပြီး ဖြတ်လျှောက်လိုက်တော့ ၃လှမ်းလောက် လွန်လာတော သူ့ရဲ့ ဂုတ်မှာ လေးလာတယ် နောက် သိသိသာသာ လေးလာတယ် နောက်တော့ သူဟာ လေးဘက်ထောက် ကြီး ဖြစ်သွားတယ် သူလည်းအော်ပါတယ် သူအော်တဲ့ အသံဟာ နောက်ဆုံး အသံ မထွက်တော့ပါဘူး အော်လေ အသံက သေးသေးလေပါပဲတဲ့ သူဟာ ရုန်းကန်ပြီး ထွက်ပြေးလာခဲ့တယ် ရှေ့ကိုက် ၂၀၀လောက်မှာ သူလို ငါးဖမ်းတဲ့ လူတစ်ယောက် တွေ့တော့ ဟေ့ကောင် ဘာဖြစ်တာလည်း မေးလာတော့ သရဲ ဂုတ်တက်ခွလို့ ပြောလိုက်တယ် ထိုလူက အေးအေး ဂရုစိုက်သွားလို့ မှာလိုက်တယ် သူနဲနည်းနည်း လွန်တာနဲ့ ဘေးက တရှဲရှဲ နဲ့ လိုက်လာတယ် စပါးပင် အမြင့်ကလည်း တစ်ရပ်လောက် ရှိနေချိန်ပေါ့ သူသတ္တိတော်တော် ကောင်းပါတယ်
ဒီလိုနဲ့ အရွာအဝင်မှာ ကိုကျော်တင့်က ကဲ ငါရွာဝင်တော့မယ် နင်လည်း နေခဲ့လို့ ပြောတော့မှ ဘေးမှ သစ်ပင်ပေါ် ကြွက်တက်သလို အသံကြားပြီးနေခဲ့တယ်
စာရေးသူ အထင်က သူရဲ့ အရင်မိန်းလို့ ထင်တယ် နောက်မိန်းမ ယူတာ မကြိုက်လို့ ဖြစ်မယ် အဲ ဒီလို မကြာ မကြာ ဖြစ်လာတော့ သူ အခု ဘုန်းကြီး တစ်ပါးက ကုပေးနေရတယ် လည်းပင်းမှာ ကြိုးလေး တွေ့ရတယ် လိပ်ပြာ ကြိုးတဲ့.....
စာရေးသူလည်း သရဲ ရှိတယ်ဆိုတာ ယုံခဲ့ရပါပြီ သရင်းတို့ရယ်..........။ ။ ။
Credit by မင်း သွင်






No comments:
Post a Comment