"လုံး၀ မစမ်းသင့်တဲ့ မြန်မာ့ရိုးရာ သရဲခေါ်နည်း ၅နည်း"
ကိုယ် ကတော့ ထောက်ကြန့်မှာ Camp နေတုန်းက အမဲသားနဲ့ ခေါ်ဖူးတယ်...။အမဲသားတုံးကို လာဆွဲတာ.... ဘာမှမမြင်ရပဲနဲ့... အမဲသားတွဲကြီးက တရွတ်တိုက် ပါသွားတာ....။ နောက်...သူတို့ကို ပြန်လွှတ်ရတာ တော်တော် ပြောယူရတယ်..။ ဒါကြောင့် အတွေ့အကြုံမရှိရင် လုံး၀ မစမ်းတာ အကောင်းဆုံးပဲ....။
လွယ်လွယ်လေးနဲ့ ပြန်လွှတ်လို့မရဘူး...။ တော်သေးတယ်...အဆောင်မှူးက နည်းနည်း ပညာတတ်လို့...နို့မို့ဆို... ကိုယ်လည်း စမုံတုံး နေလောက်ပီ....။ 😅
Stay Home ကာလ အိမ်မှာ နေရင်းနဲ့ ... စကားပြောဖော်မရှိရင် ခေါ်လို့ရအောင် တင်ပေးလိုက်ပါတယ်လို့...။ စတာပါ .... စတာပါ 😜
မြန်မာ့ရိုးရာ သရဲခေါ်နည်း ၅ခုပေါ့။ ဗဟုသုတ အနေနဲ့ သိသင့်အောင်ပဲ ဖတ်ကြပါ... လျှောက်တော့ မစမ်းသပ်ကြနဲ့ နော်...။ 🙄
ကဲ..... အိမ်မက်ဆိုးလေးတွေ မက်ကြပါစေဗျာ....
Soruce - ကိုဝင်းမျိုးခိုင်ရဲ့ .. မမြင်တွေ့နိုင်တဲ့ ပရလောက
Sincerely Credit To AKo Win Myo Khaing
မှတ်ချက် ။ ။ Burmese Creatures က ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။
၁။ မျက်ရည်ဖြင့် သရဲခေါ်နည်း
အကောင်အထည်မဟုတ်တောင်မှအရိပ်အယောင်မြင်ရတတ်တာမို့ကိုယ့်စိတ်ကိုကိုယ်နိုင်မှစမ်းသပ်စေချင်ပါတယ်။
ပထမဆုံးလကွယ်နေ့ညနေမှောင်ရီပျိုးစအချိန်မှာကိုယ့်ဘဝမှာဝမ်းနည်းကြေကွဲဖြစ်ခဲ့ရတာတွေကိုပြန်လည်တွေးမြင်ရပါမယ်။မျက်ရည်တတွေတွေကျလာတဲ့အထိတွေးနေရပါမယ်။
ကျလာတဲ့ မျက်ရည် တွေကို မိမိ ရဲ့မျက်ခုံးနှစ်ခုဆုံးရာအလယ်အစပ်နား(တတိယမျက်လုံးဟုခေါ်ဆိုသည့်နေရာ)မှာစိမ့်ဝင်ပြီးခြောက်သွေ့သွားတဲ့အထိသုတ်လိမ်းပေးပါ။
ဒါကဒုတိယအဆင့်ပေါ့။
ပြီးတာမှနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားအောင်အိပ်လိုက်ပါ။သတိပြုရမှာကအိပ်ရာကနေညသန်းခေါင်(ည၁၂နာရီ)မတိုင်မီထပါ။ကျော်သွားရင်အသုံးပြုလို့မရပါဘူး။
အိပ်တဲ့နေရာမှာလည်းပက်လက်လန်ပြီးလက်ဖဝါးများကိုပါပက်လက်လှန်အိပ်ပါ။
အိပ်ရာ ကနိုးထလာရင်တော့မိမိဟာသူရဲတစ္ဆေအစရှိတဲမမြင်အပ်တဲ့အရာတွေကိုမြင်နိုင်စွမ်းရသူဖြစ်ပါပြီ။မျက်နှာမသစ်မချင်း၊အပေါ့မစွန့်မချင်းမြင်နိုင်စွမ်းရှိပါတယ်။
ဒါပေမယ့်သူရဲတစ္ဆေ ကိုမြင်တွေ့ရတဲ့အခါမမြင်မတွေ့သလိုဘဲဟန်ဆောင်ပါလို့အထူးသတိပေးချင်ပါတယ်။ဒါအရေးကြီးပါတယ်။
သူရဲတစ္ဆေ တွေကသူတို့ကိုမြင်တဲ့သူကိုအရမ်းတောင့်တကြပါတယ်။သူတို့ကိုမြင်တွေ့တဲ့သူရှိမှသူတို့ကဝင်ရောက်ပူးကပ်လို့ရမှာကြောင့်ပါ။
သူရဲတစ္ဆေ တွေကသင်သူတို့ကိုမြင်တွေ့တာကိုသတိပြုမိတယ်ဆိုရင်ချက်ချင်းမျက်လုံးပိတ်ပြီးမျက်နှာသစ်လိုက်ပါလို့သတိပေးချင်ပါတယ်။
ဒီနည်းကိုစမ်းသပ်စဉ်ကကျနော့်သူငယ်ချင်းတစ်ယောက်ဟာသေလုနီးနီးအထိကြုံခဲ့ဖူးပါတယ်။ဖြစ်တာကတော့သူမြင်တွေ့ခဲ့တဲ့ဝိဉာဉ်ကသူ့ကိုပူးကပ်သွားလို့ပါဘဲ။
အဲဒါကြောင့် ဒီနည်း ကိုကိုယ့်ကိုကိုယ့်စိတိထိန်းနိုင်မှစမ်းသပ်ပါလို့သတိပေးလိုပါတယ်။
၂။တံမြတ်စီးဖြင့် သရဲခေါ်နည်း
ဒီနည်းလေးကလွယ်သလောက်လူသုံးများပါတယ်။လကွယ်ညညဉ့်သန်းခေါင်(မနက်၂နာရီဝန်းကျင်ကပိုအလုပ်ဖြစ်ပါတယ်)
မှာလောလောလတ်လတ်လူသေထားတဲ့နေအိမ်ကတံမြတ်စည်းလိုပါတယ်။ရက်မလည်သေးရင်အကောင်းဆုံးပေါ့ဗျာ။အဲဒီတံမြတ်စည်းကိုပြောင်းပြန်ထောင်ထားပြီးရေလောင်းလိုက်ပါ။
ကျလာတဲ့ရေကိုခွက်တစ်ခုနဲ့ခံထားပါ။အမဲသားအနည်းငယ်၊ထမင်းဖြူအနည်းငယ်ကိုစကောထဲမှာထည့်ထားပါ။စကောရဲ့အလယ်မှာဖယောင်းတိုင်တိုင်ထွန်းပါ။
ပါးစပ်ကနေနီးစပ်ရာနာနာဘာဝများကိုဖယောင်းတိုင်မကုန်မီမှာလာရောက်စားသောက်ရန်ဖိတ်ကြားပါ။နာနာဘာဝလာစားမစားအားအမဲသားကိုလက်နဲ့အသာဆကြည့်ပါ။
ရှိသင့်တဲ့ အလေးချိန် ထက်ပိုလေးနေတယ်ဆိုရင်နာနာဘာဝလာစားနေပါပြီ။နာနာဘာဝလာစားနေပြီဆိုလျှင်ဖယောင်းတိုင်မကုန်မီပြန်ထွက်ရန်ပြောပါ။
ဖယောင်းတိုင်ကုန်လုပြီဆိုတာနဲ့ပြန်ထွက်ရန်ပြောပါ။ပြောပြီးပြီးချင်းတံမြတ်စည်းဆေးထားတဲ့ရေနဲ့မြေပေါ်မှာစည်းဝိုင်းတစ်ခုတားပါ။
အရေးကြီးတာကစည်းဆွဲတဲ့နေရာမှာနေရာလပ်ကျန်လို့မရပါ။
နာနာဘာဝခေါ်မည့်သူများသည်စည်းဝိုင်းအတွင်းဝင်နေပါ။ထို့နောက်နာနာဘာဝအားကျွေးထားသည့်စကောအားမှောက်၍ထားလိုက်ပါ။
အမဲသား နဲ့ထမင်း အားစည်းဝိုင်းနှင့်ကပ်ရက်တွင်ထားလိုက်ပါ။မှောက်ထားသည့်စကောတွင်တံမြတ်စည်းမှအစ၂ခုအားစိုက်ထားလိုက်ပါ။အစ၂ခုအားမှန်မှားသတ်မှတ်ပေးပါ။
ပြီးလျှင်စားသောက်ခဲ့သည်နာနာဘာဝများမှမိမိသိချင်သည့်မေးခွန်းအားစကောတွင်စိုက်ထားသည့်တံမြတ်စည်း၂စဖြင့်ဖြေပေးရန်ပြောပါ။
တံမြတ်စည်းစမှမှန်ဟုသတ်မှတ်ပေးထားသည့်အစလှုပ်ပြလျှင်စမေးနိုင်ပါပြီ။သတိပြုရန်မှာတံမြတ်စည်းစ၂ခုလုံးလှုပ်ပြလျှင်ဆက်လက်မမေးမြန်းပါနဲ့။
အစ၁စစလဲသွားလျှင်ဆက်မေးမြန်းပါနဲ့။မေးမြန်းပြီးသည့်နောက်တံမြည်းစည်းစ၂ခုအားကိုင်၍စည်းဝိုင်းအားဖျက်ပြီး(ကျော်ခွခြင်းမပြုရ)ထွက်ပါ။
လမ်းတွင်တံမြတ်စည်းစအားမကျပါစေနဲ့။မိမိသွားလိုရာရောက်လျှင်တံမြတ်စည်းစ၂ခုအားချိုး၍ပစ်ခဲ့ပါ။ဘာသံကြားကြားလှည့်မကြည့်ပါနဲ့။






No comments:
Post a Comment