Posted by Unknown at 10:36 AM Sunday, July 31, 2016
သာယာလှသော ညနေစောင်းအချိန်တွင် မိဆန်း နဲ့ ညိုမြတို့ နှစ်ယောက် ရွာထိပ်က မန်ကျည်းပင်တွင် မန်ကျည်းရွက်ခူးရန် နှစ်ယောက်သား တက်ကြွသော ခြေလှမ်းများဖြင့် ချီတက်လာခဲ့ကြလေသည်။
မနေ့ကတည်းက နွားကျောင်းအပြန် ရွာထိပ်က မန်းကျည်းပင်က မန်းကျည်းရွက်နုတွေကို မျက်စိကျခဲ့ခြင်းပါ အချိန်နှောင်းနေသဖြင့် ယနေ့ညနေခူးရန် အချိန်းအချက်လုပ်ထားခဲ့ကြသည်။ တခါတလေ အိမ်ကနွားများကို နှစ်ယောက်သား လေးခွကိုယ်ဖြင့် ထွက်ကျောင်းတတ်သေးသည်။ နွားကျောင်းချင်တာ နည်းနည်းပါ ဌက်ပစ်ချင်တာ များများဖြစ်သည်။ ဒီအတိုင်း လောက်လေးကိုင် ထွက်သွားလျှင် လူကြီးတွေက ဆူသဖြင့် နွားအကြောင်းပြကာ ထွက်တတ်ကြသည်။ အိတ်ကိုယ်စီလွယ်၍
ရွာပြင်ကို ထွက်လာခဲ့ ကြလေတော့သည်။
အချိန်ကား ညနေ ၄နာရီခွဲခန့်ပါ
''''''' မိဆန်း ညကျရင် ကျော်ဟိန်းကား အသစ်တင်တယ်တဲ့ ''''''
'''''' ဟုတ်လား နင်သွားမယ်ဆိုရင် ငါ့ကိုလာခေါ် ''''''''
ဗီဒီယိုရုံတွင် ဗီဒီယိုကြည့်ရန် ပြောနေခြင်းပါ။ နှစ်ယောက်က အတွဲညီလှသည်။ တစ်ယောက်က ဘာလုပ်မည် မပြောလိုက်နဲ့ တစ်ယောက်က နောက်ကပါစမြဲပင်။ ရွာမှာလဲ သူတို့ နှစ်ယောက်ကို ယောင်္ကျားမကျ မိန်းမ မကျများဟု သတ်မှတ်ထားသည်။ယောင်္ကျားလျာများလားဆိုတော့လဲ မဟုတ်ပေ။ ရွာမှာ အလှူအတန်းရှိလို့ သွားကြည့်လိုက် မိတ်ကပ်ကို မှုံနေအောင် လူးကာ မရှိမယ့် ရှိမယ့် ဆံပင်ကို ထုံးလို့ တကယ် အိန္ဒြေရှင်ကြီးများပမာ။ကျန်အချိန်များတွင်မတော့ ယောင်္ကျားလေးလုပ်သော အရက်သောက် ဖဲရိုက် ကြက်တိုက် မိန်းမပွေသည့် အလုပ်မှ လွဲ၍ ကျန်တာကို သူတို့က တန်းတူလုပ်နိုင်ကြသည်။ တခါက အုန်းပင်ကို နှစ်ယောက်သား ထမိန်ခါးတောင်းကျိုက်၍ အပြိုင်တက်နေတုန်း ရွာဦးဆရာတော် ဖြတ်သွားတာတွေ့လို့ အတင်းဆင်းခိုင်း၍ ဆရာတော် ဆူတဲ့အထိ သောင်းကျန်းဘူးသည်။ ယခု မန်ကျည်းပင်လောက်ကတော့ သူတို့အတွက် အပျော့ပင်။အပင်နားရောက်တော့ နှစ်ယောက်သား လုံချည်ကို တိုတို ပြင်ဝတ်ခါ အပင်ပေါ်သို့ ဖက်တက်ကြလေပြီ။ အပင်ကလည်း အရမ်းတော့မမြင့်ပါ အပင်ပေါ်ရောက်လို့ တစ်ယောက်တစ်ကိုင်းစီ နေရာယူကာ နုလှသော မန်းကျည်းရွက် နုနုလေးများကို အိတ်အတွင်း အလုအယက် ခူးနေကြပါတော့သည်။ သူတို့ တသတ် မျက်လုံးထဲ မထွက်သော အဖြစ်က အဲဒီအချိန်မှာ ဖြစ်ပျက်ခဲ့ခြင်းပါ။ထိုအချိန်တွင် လေအပင့်တွင် နှာခေါင်းဝသို့ အပုတ်နံ့လိုလို စရခဲ့သူက ညိုမြပါ။
ညိုမြ နှုတ်ခေါင်းတရှုံ့ရှုံ့ဖြင့် မိဆန်းကိုမျက်စောင်းထိုး ကြည့်လေသည်။ ပြီးတော့ '''' နင်အရမ်းညစ်ပတ်တာဘဲ စိတ်ကလဲပုတ်သေး အဲဒါကြောင့် လေလည်တာတောင် အပုတ်နံ့ထွက်တာ''''ဟု ပြောချလိုက်သည်။
ကြောင်တောင်တောင် မျက်နှာပေးနဲ့ ညိုမြကို လှမ်းကြည့်သူက မိဆန်းပါ။ နှုတ်ကလည်း
'''' ဘာလဲ ဟဲ့ နင်ဟာကလည်း အသားလွတ်တော် '''''
''''ဘာရမလဲ နင်လေလည်တာလေ အပုတ်နံ့က ငါ့နှုတ်ခေါင်းထဲကို တန်းနေတာဘဲ အရမ်းညစ်ပတ်တယ် ''''
နှုတ်ခေါင်းရှုံ့၍ ညိုမြ ပြန်လည်ခွန်းတုန့်ပြန်သည်
'''' ကြံကြီးစည်ရာတော် ဘာမှ လေမလည်ဘူး လေတောင်ချုပ်လို့ လေပုတ်ထုတ်ဆေး ဝယ်ဖို့တောင် စိတ်ကူးထားရုံရှိသေးတယ်
လာပြီး စွတ်စွတ်ဆွဲဆွဲ အေ ''''''
''''' ဒါဆို နင်မပေါက်ရင် ဘယ်သရဲက ဝင်ပေါက်တာလဲ ''''
''''' ဟဲ့ စကားကို ဆင်ဆင်ခြင်ခြင်ပြော '''''
နေဝင် မိုချုပ် ဖြစ်နေသဖြင့် မိဆန်း ညိုမြကို လှမ်းဟန့်လိုက်သည် ဆက်ပြီးတော့လည်း
''''' နင်တကယ်နံတာလား ငါတော့ မပေါက်ဘူး ''''''
'''' ညာမလား အေ '''''
''''' နံရအောင်လဲ နင်က လေတင်ကလေ ငါတကယ်ပေါက်တောင် နင်အနံရမှာ မဟုတ်ဘူး ဟိုဘက်က အကောင်တစ်ကောင် သေလို့ ပုတ်တာနေမှာပါ '''''
ဟုတ်ပါသည် ညိုမြက လေတင်ဘက်အကိုင်းမှာပါ တစ်ယောက်နဲ့ တစ်ယောက်က ၅ ပေ လောက်ဘဲ ကွာသည်။ မိဆန်း လေလည်ရင် အခုတိုက်နေသော လေတိုက်နှုန်းနဲ့ သူနံလိမ့်မည် မဟုတ်ဟု တွေးမိလာသည်။ စိတ်ထဲတော့ စနိုးစနှောင့် ဖြစ်တော့သွားသည်။
'''' မိဆန်း မြန်မြန်ခူးအေ ပြန်ကြမယ် နေလည်းဝင်လာပြီ '''''
'''' အေး '''''
မနက်ကို ရွာဦးကျောင်း ဆွမ်းချိုင့်နဲ့ နှစ်အိမ်လုံးအတွက် မန်ကျည်းရွက်သုတ်လေး စားချင်သဖြင့် လာရောက်ခူးခြင်းဖြစ်သည်။ ညိုမြ စိတ်ထဲ သိပ်မရှင်းတော့သဖြင့် မြန်မြန်ပြန်ချင်လာသည်။ ကြက်သီးက အလိုလို ထလာလေသည်။
ထို့ကြောင့်
''''' မိဆန်းပြန်ကြမယ်အေ ''''
''''' နင်ကလည်း '''''
မိဆန်း စကားပင်မဆုံးပါ
'''''' ဟီးးးး ဟီးးးးးးး ''''''
အာခေါင်ချစ် ငိုနေသာ ကလေးအသံပါ။ တခုခုကို ကြောက်လှန့်သဖြင့် ငိုနေခြင်းပါ။ အသံက နိမ့်လိုက် မြင့်လိုက်နှင့် ဖြစ်နေသည်။အသံကြားရာသို့ လှမ်းကြည့်လိုက်တော့ သူတို့ရဲ့နောက်ဘက် မန်ကျည်းပင်ရဲ့ အောက်နားကပါ။ မန်ကျည်းကိုင်းတွေ မန်ကျည်းရွက်တွေက ကွယ်နေသဖြင့် ရှင်းလင်းစွာမမြင်ရပေ။ထို့ကြောင့် သေချာမြင်ရအောင် မိဆန်းနဲ့ ညိုမြ အပင်ပေါ်မှ လှည့်ထိုင်ပြီး အသံကြားရာသို့ စူးစမ်းကြည့်လိုက်သည်။ကလေးတစ်ယောက်ကို မြင်လိုက်ရပါသည်။ အသက်အားဖြင့် ၁ နှစ်သားပတ်ဝန်းကျင်လောက်ပါ။ လေထဲကို ခြေပစ် လက်ပစ်ဖြင့် မြောက်တက် လာခြင်းပါ
ထိုအရာကိုကြောက်၍ ကလေးက ငိုနေခြင်းဖြစ်သည် အန္တရာယ်များလှပါသည်။ဘယ်သူကများကလေးကို အဲဒီလောက်စနေလဲလို့ နှစ်ယောက်သား သိချင်လာသည် ထို့ကြောင့် ကလေးကိုစနေသော သူကို မန်ကျည်းပင်အောက်သို့ လှမ်းရှာလိုက်တော့
''''''' ဟင် '''''''
အသံထွက်လာသူက ညိုမြပါ။ သူတင်မဟုတ်ပါ။ မိဆန်းလည်း ကြက်သေ သေသွားပါသည်။ သူတို့မြင်လိုက်ရတဲ့ အရာက အမျိုးသမီးတစ်ယောက်ပါ ထမီရင်လျားနှင့်ပါ။ အထူးခြားဆုံးက ထိုမိန်းမတွင် ခေါင်းရှိမနေခြင်းပါ။မိဆန်းရော ညိုမြပါ အံ့သြခြင်း ကြောက်ရွံ့ခြင်းကို တပြိုင်တနက်တည်း ခံစားနေရပါသည်။ ကြက်သီးမွေးညင်းများ ထလာပါသည် ခေါင်းနဘန်းများလည်း ကြီးလာသည်။
နှစ်ယောက်စလုံး အသံပင် မထွက်ဝံ့ပါ။ ပို၍ ထူးခြားသူက ညိုမြ ဖြစ်သည်။သူ့လုံချည်ထဲတွင် စိုစိစိ အထိအတွေ့ကို သူကိုယ်တိုင် ခံစားနေရပါသည် ကြောက်ရွံ့မှုကြောင့် ဆီးတောင် ထွက်ကြလာခြင်းပါ နှစ်ယောက်သား တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်လိုက် အောက်က မိန်းမကို ကြည့်လိုက်ဖြင့် အသက်ပင် မရှုဝံ့ပေ။
ထိုအချိန်တွင်
''''''' ဟင်းးး ဟင်းးးးးး '''''
တိုးညင်းသော ရယ်သံကိုကြား လိုက်ရပါသည်။ သူတို့ အပေါ်ဘက်က ဖြစ်ပါသည်။ အသံကြားရာသို့
နှစ်ယောက်သား မော့ကြည့်လိုက်တော့
'''''' ခေါင်းးးးးးး ''''''
ဒီတခါ အသံထွက်လာသူက မိဆန်း ။ ဟုတ်ပါသည် မန်ကျည်းပင်၏ အပေါ်ဘက် ကိုင်းတွင် မိန်းမမျက်နှာနှင့် ဆံပင်များ ဖားလားချကာ သူတို့နှစ်ယောက် ငုံ့ကြည့်၍ ရယ်နေပါသည် ဒါပေမယ့် ခန္ဓာကိုယ် အောက်ပိုင်း မပါချေ ။ဒီတခါတွင်မတော့ ညိုမြ နဲ့ မိဆန်း နှစ်ယောက်သား တိုင်ပင်စရာပင် မလိုတော့ချေ
'''''' အောင်မလေး ခေါင်းးးးးးး '''''''
''''' အောင်မလေးးးးးးးးးးးးးးးးးး '''''''
နှစ်ယောက်သား ငယ်သံငယ်ရင်း ပါအောင်အော်ကာ အပင်ပေါ်ကနေ မြေကြီးကို ဘယ်လိုရောက်သွားမှန်းပင် မမှတ်မိတော့ချေ။ အောက်ကိုရောက်တော့ ရွာအရောက် သုတ်ချေတင်ပါ လေတော့သည်။
ပါးစပ်ကလည်းးး
'''''''' အောင်မလေးးးးး ခေါင်းးးးး ကြီးးးးး ''''
အော်မိ အော်ရာ အော်ကြလေတော့သည်
ထိုညက မိဆန်းနဲ့ ညိုမြ ကျော်ဟိန်းကားသစ် မကြည့်ဖြစ်တဲ့ အပြင် တပတ်လောက် ဖျားကာ ရွာထဲမှာလဲ တော်တော်လေး ခြေငြိမ်သွားပါလေတော့သည်။ နောက်ပိုင်းသတင်းတခုကြားလိုက်ပါသည်။
သူတို့တွေ ဘယ်တော့မှ သစ်ပင် မတက်ကြတော့ခြင်းဖြစ်ပါသည်
============ ပြီးပါပြီ ===============
အသဲကွဲ ဂရုကြီး
ဒီအကြောင်းအရာလေးကတော့ ကျွန်တော့်ရဲ့ ကြားဖူးနားဝနဲ့ စိတ်ကူးပေါင်းစပ်ထားခြင်းပါ လိုအပ်ချက်များရှိပါက ဖြည့်စွက်နားလည်ပေးကြပါ ခင်ဗျာ ဝေဖန် အားပေးကြပါဦးခင်ဗျ







No comments:
Post a Comment