တစ်ခြားအခန်းတွေထက် ပိုကျယ်တာကတစ်ကြောင်း/ လေဝင်လေထွက်ကောင်းတာကတစ်ကြောင်း/ ခေတ်မဆန်ဘဲ ရှေးဆန်ဆန်ပြင်ဆင်ထားတာကတစ်ကြောင်း
အကြောင်းအမျိုးမျိုးကြောင့် သမိုင်းမေဂျာနဲ့ကျောင်းပြီးထားတဲ့ ကျွန်တော်အများသူငါထက်ဈေးပိုပေးပြီးဝယ်ယူလိုက်တယ် နဂိုရှိနေတဲ့ပစ္စည်းတော်တော်များများက ရှေးရှေးကပစ္စည်းလေးတွေဖြစ်နေတယ် ဘီသုံးခြောင်းလဲတွေ့တယ် တော်တော်ဟောင်းနေပြီ နောက်မိန်းမအသုံးအဆောင်ပစ္စည်းအချို့နဲ့ မိန်းမအဝတ်အစားသုံးထည်တွေ့တယ် ကျွန်တော့်ပစ္စည်းတွေရွှေ့လာတဲ့နေ့မှပဲ ကျွန်တော်အတွက်မလိုတာတွေဖယ်ရမှာပဲ ရုတ်တရက် ပွဲစားအဖွားကြီးလာပြောတာကိုသတိရမိတယ်
" လူလေး ဒီအခန်းထဲကပစ္စည်းလေးတွေကို ဖြစ်နိုင်ရင်
လွင့်မပစ်ဘဲ အခန်းတစ်နေရာရာမှာ သိမ်းထားစေချင်တယ်ကွယ် "
သူဘာ့ကြောင့်ပြောခဲ့လဲ ဆိုတာတော့ကျွန်တော်မသိဘူး ကျွန်တော့်အတွက်မလိုရင်တော့ လွင့်ပစ်ရမှာပဲလေ မိန်းမအသုံးအဆောင်တွေကများနေတာကိုး တွေးတောရင်းနဲ့ပဲ မှန်တင်ခုံပေါ်က နူတ်ခမ်းနီတောင့် အဟောင်းလေးကို ပြတင်းတံခါးပေါက်ကိုဖွင့်ပြီး ခပ်ဝေးဝေးကိုလွင့်ပစ်လိုက်မိတယ် အဲ့ဒီ့နူတ်ခမ်းနီတောင့်လေးမြေပေါ်ကျသွားတဲ့အထိ လိုက်ငေးကြည့်နေရင်း နူတ်ခမ်းနီတောင့်ကျနေတဲ့နေရာနဲ့ ခပ်လှမ်းလှမ်းလေးမှာ ရေကန်ကြီးတစ်ကန်ရှိနေတာသတိထားမိလိုက်တယ် ရေကန်ဘေးမှာလဲ ဆယ်ကျော်သက်အရွယ်ကောင်လေးတွေ ဆော့နေကြတယ် မိန်းကလေးတစ်ချို့ကတော့ ရေကန်နားလေးမှာ ကားကက်ဆက်ဖွင့်ပြီးကနေလေရဲ့
တော်တော်သာယာတာပဲ
တံခါးတွေသေချာလိုက်ပိတ်ပြီး ကျွန်တော်ပြန်လာခဲ့တယ် နောက်တစ်ပတ်ထဲမှကျွန်တော်ပြောင်းလာမှာမို့လေ အခန်းကိုတော့ တစ်ခြားဘာမှထွေထွေထူးထူးရှင်းလင်းမထားရသေးဘူးပေါ့
ကျွန်တော် ပြောင်းလာတဲ့ရက်မှကျွန်တော့်ကိုယ်ပိုင်ပစ္စည်းတွေနေရာချရင်းရှင်းတော့မယ် မဟုတ်ရင်နှစ်ခါပင်ပန်းမှာပေါ့ လူဝင်တဲ့အခန်းတံခါးကိုပိတ်ပြီး လှေကားအတိုင်းဆင်းလာခဲ့တယ် ညနေလဲရောက်နေပြန် တိုက်မှာနေတဲ့သူတော်တော်များများကလဲ ငွေကြေမတတ်နိုင်တဲ့သူကများနေတော့ လှေကားမီးတောင်မရှိဘူး ကျွန်တော်လာမှ လှေကားမီအလှူလေးလုပ်ရမယ် ကိုယ့်အတွေးနဲ့ကိုယ်ဆင်းလာရင်း ငါးထပ်အရောက်မှာ မိန်းကလေးတစ်ယောက် ဆံပင်ကုတ်ဝဲလေးနဲ့ တိုက်ခန်းအပြင်ကိုငေးကြည့်နေတယ် မှောင်ကလဲမှောင်နေတော့ သေချာတော့မမြင်ရဘူး ရေတွေလဲစိုရွဲနေတယ် သူမဝတ်ထားတဲ့ ဂါဝန်ကနေတောင်စီးကျနေတယ် အော်ဒီကောင်မလေးနယ် ရေးကန်မှာရေကူးပြီးပြန်လာတာထင်တယ် ကိုယ်အိမ်ကိုမပြန်ဘဲ ဘာရပ်လုပ်နေတာလဲမသိဘူး
စိတ်ထဲကတွေးတောရင်း သူမကိုကျော်ပြီးလှေကားအတိုင်းပဲ ကျွန်တော်ဆင်းလာခဲ့လိုက်တယ်
တစ်ပတ်ပြည့်တော့ ကျွန်တော်အခန်းပြောင်းဖို့ ပြင်ဆင်ပြီး အထုတ်အပိုးတွေတော်တော်များများနဲ့ ကျွန်တော်ပြောင်းလာခဲ့ပါတယ် အခန်းရောက်တော့ ကျွန်တော့်ပစ္စည်းတွေ အခန်းထောင့်တစ်နေရာမှာပုံထားလိုက်ပြီး အခန်းရှင်းလင်းရင်စလုပ်ရပါတော့တယ် အထုပ်ကြီးငယ်တွေနဲ့ပေါ့ အရင်ရှိနေပြီးသားပစ္စည်းတွေထဲက ကျွန်တော့်အတွက်အသုံးမလိုတာတွေကို ကျွန်တော်စုပုံပြီးထုပ်ထားလိုက်တာပါ အခြားနေရာတွေရှင်းပြီးတော့ ကျွန်တော်မရှင်းရသေးတာဆိုလို မှန်တင်ခုံပဲကျန်ပါတော့တယ် ရုတ်တရက် ကျွန်တော် စဉ်းစားမရဖြစ်သွားတယ် ဟိုးကျန်ခဲ့တဲ့တစ်ပတ်က ကျွန်တော်လွင့်ပစ်ခဲ့တဲ့ နူတ်ခမ်းနီတောင့်အဟောင်းလေးက မှန်တင်ခုံပေါ်မှာပြန်တွေ့လိုက်ရတယ် ဟာ ဘာလဲဟ ဒါကဘယ်လိုပြန်ရောက်နေတာလဲ နှစ်တောင့်ရှိနေတာထင်တယ် ကျွန်တော်လဲ ဘာမှထွေထွေထူးထူးသိပ်မစဉ်းစားဘဲ ပြန်လွင့်ပစ်ဖို့ အိတ်တစ်အိတ်ထဲကို တစ်ခြားမလိုတာတွေနဲ့ ပြန်ထည့်လိုက်တယ်
အခန်းတော်တော်ရှင်းလိုက် နေရာပြန်ချလိုက်နဲ့ မနက်ကစလိုက်တာ ညနေ၆နာရီကျော်တော့မှ နေရာကျတော့တယ် ကျွန်တော် အရမ်းတော့သဘောကျမိတယ် ပစ္စည်းအဟောင်းလေးတွေနဲ့ ကျန်တော့အခန်းပေါ့ အခန်းတွေရှင်းပြီး ပင်ပန်းတာနဲ့ ရေးမိုးချိုးပြီး ခဏလှဲနေလိုက်တယ် အိပ်ပျော်မယ်ရှိသေးတယ် ဆူညံလွန်းတဲ့ အသံတစ်သံကြောင့် လန့်ပြီးငုတ်တုတ်ပါထထိုင်မိတယ် တော်တော်လဲစိတ်ကတိုသွားတာပေါ့ ကြားလိုက်တာက
" ဟဲ့ နင့်ကို ဘယ်သူကခိုင်းလို့လဲ "
ဆိုတာပါပဲ တော်တော်စိတ်ဆိုးမာန်ဆိုးကိုအော်ပြောတာပါ ဘယ်အခန်းကလဲမသိဘူး တော်တော် ဘေးပတ်ဝန်းကျင်အားမနာတတ်တဲ့သူတွေပါလား ခက်တယ်
ကျွန်တော်လဲ အိပ်မရတော့တဲ့အဆုံး မနက်ဖြန်အတွက်အပြီးသတ်ရမယ့်အလုပ်ကလေးတစ်ချို့ ကိုစလုပ်လိုက်တယ် အလုပ်ထဲကို ဘယ်လောက်အာရုံရောက်နေလဲဆိုတာ နာရီတောင်မကြည့်မိဘူး ည ၁၁ နာရီကျော်တော့မှအညောင်းဆန့်ရင်း နာရီကြည့်မိတယ် တော်တော်ညဉ့်နက်နေပြီပဲ ညနေစာတောင်မစားရသေးပါလား လုပ်လက်စအလုပ်လေးတွေ လက်စသက်ပြီး ညပိုင်းဖွင့်တဲ့ စားသောက်ဆိုင်တစ်ခုခုကို ညနေစာသွားစားဖို့ဆုံးဖြတ်လိုက်တယ် တိုက်အောက်ဆင်းလာတော့ ခပ်လှမ်းလှမ်းမှာ စားသောက်ဆိုင်လေးတစ်ဆိုင်ကိုလှမ်းတွေ့လိုက်ရတယ်
ဆိုင်ပုံစံကခပ်ဟောင်းဟောင်းပုံပါပဲ ရှေးရှေးကဆိုင်နဲ့ပိုတူတယ် အခန့်သင့်လိုက်လေချင်းပေါ့ ဆိုင်ထဲဝင်လိုက်တော့ လာစားတဲ့သူတော့သိပ်မရှိတော့ဘူး ညဉ့်နက်လို့ထင်ပါတယ် ဆိုင်ထောင့်တစ်နေရာကစားပွဲမှာဝင်ထိုင်လိုက်တယ်ဆိုရင်ပဲ ဝိတ်တာကောင်လေးတစ်ယောက်ရောက်လာပြီး ရေတစ်ခွက်လာချပေးတယ်
" ဘာများသုံးဆောင်မလဲ "
" နည်းနည်းမြန်တဲ့ ညနေစာတစ်ခုခု စီစဉ်ပေးပါ "
" ဟုတ်ကဲ့ ဒါဆို ညပိုင်းဖြစ်တဲ့အတွက် အစာကျေလွယ်အောင်
ဟင်းသီးဟင်းရွက်ထမင်းကြော် နဲ့ နွားနို့ပူပူလေးဆိုအဆင်ပြေမလားခင်ဗျ "
" အိုကေ ညီလေး အဆင်ပြေတယ် အမြန်ဆုံးသာချကွာ "
"ဟုတ်ကဲ့ "
ကောင်လေးထွက်သွားပြီး တစ်အောင့်နေတော့ သူပြောတဲ့အတိုင်း ဟင်းသီဟင်းရွက်ထမင်းကြော်နဲ့နွားနို့ပူပူလေး တစ်ခွက်လာချပေးတယ် ကျွန်တော်လဲ ဗိုက်ဆာဆာနဲ့စားနေလိုက်တယ် စားသောက်ပြီး အခန်းလဲပြန်မတတ်ချင်သေတာနဲ့ ရေနွေးကြမ်းတစ်ခွက်မှာပြီးထိုင်သောက်နေတာပေါ့ အဲဒီအချိန်မှာ စောစောက ဝိတ်တာကောင်လေးရောက်လာတယ်
" အရင် အကို့ကို မတွေ့ဖူးဘူးနော် ပြောင်းလာတာမကြာသေးဘူးထင်တယ် "
ရုတ်တရတ်ဆိုတော့ ကျွန်တော်နည်းနည်းတော့ကြောင်သွားတယ်
" အော်..... အေး
ဟုတ်တယ်ကွ ဟိုဘက်လမ်းထောင့်ကတိုက်မှာနေတာ ခုနှစ်လွှာ "
" အော်ဟုတ်ကဲ့ . . . . . . ဗျာ ဟိုဘက်လမ်းက ထောင့်တိုက်
ခုနှစ်လွှာလား "
" အေး ဟုတ်တယ် ဘာလို့လဲ "
တအံတသြ မေးနေတဲ့ကောင်လေးကိုကြည့်ပြီးနားမလည်နိုင်ဖြစ်သွားတယ်
" အော် အကိုဘာမှမသိဘူးလား အဲဒီအခန်းအကြောင်းကို "
" ဟေ... ငါက ဘာသိရမှာလဲကွ "
" အခုအကိုနေတဲ့ တိုက်မှာ လူတွေစနေခွင့်ရချိန်ကတည်းက ပထမဆုံးအိမ်ရှင် ကောင်မလေးက ဟိုးရှေ့က ရေကန်မှာ ရေနစ်သေခဲ့တာ ခုထိမကျွတ်သေးဘူးပြောတယ်ဗျ "
ကျွန်တော် မျက်မှောင်ကို နှစ်ဖူးရွံတွနေအောင်ကြုံ့လိုက်ပြီး
" မဖြစ်နိုင်တာ ငါတော့ ဘာမှသတိမထားမိပါဘူး "
" တစ်ကယ်ဗျ အကိုရ ခဏလေး
ဦးလေးဒူဝ ခဏထွက်ခဲ့ပါအုံးဟိုကောင်မလေးအခန်းမှာ နေတဲ့သူတဲ့ "
ခပ်ဝဝ အသားညိုညို လူလတ်ပိုင်းလူကြီးတစ်ယောက်ထွက်လာတယ် တအံတသြမျက်နှာနဲ့ပေါ့
" ဘယ်လိုဖြစ်လို့ အဲဒီအခန်းကိုဝယ်ဖြစ်သွားတာလဲ "
" ဟုတ် ဒီလိုပါပဲ အကြောင်းအမျိုးမျိုးကြောင့်ပေါ့ "
ကျွန်တော်လဲ စကားတွေမရှည်ချင်တော့တာနဲ့ လိုရင်းတိုရှင်းပဲဖြေလိုက်ပြီး
" နေပါအုံး ဦးကြီးရ အဲ့ဒီ အခန်းကဘာဖြစ်နေလို့လဲ "
" သရဲခြောက်တယ်ကွ "
ဘေးဘီကြည့်ပြီးခပ်တိုးတိုးလေသံသဲ့သဲ့ပြောလိုက်ပေမယ့်
ကျွန်တော့်ကျောထဲ စိမ့်ဝင်သွားတယ် ကြက်သီးပါတဖြန်းဖြန်းပေါ့
" ဟာ ... ဟုတ်လို့လား ဦးကြီးရာ မဖြစ်နိုင်တာ "
" အော နေပါအုံး မင်းအဲဒီ့အခန်းကိုရှင်းပြီးပလား "
ကျွန်တော်ခေါင်းညိမ့်လိုက်တယ် တစ်မနက်လုံးရှင်းထားရတာလေ
ဦးဒူဝက ပြုံးတယ်
" သွား... မင်းအခန်းမင်းပြန်တော့
ီဒီညနေစာကိုလဲ ငါကျွေးတယ်ပဲထားလိုက်တော့ကွာ
တစ်ခုပဲမှာလိုက်မယ်ငါ့တူ မင်းဒီညပြန်ပြီး တစ်ခုခုထူးခြားရင် မနက်ဖြန်မနက်မိုးလင်းမှ ငါ့စီပြန်လာခဲ့ ဘာမှထူးခြားမနေရင်ခုညတွင်းချင်းပြန်လာကွာ ဟုတ်ပလား "
ကျွန်တော့်အတွက်တော်တော်တော့ ထူးဆန်းနေတော့တာပဲ ကျွန်တော်လဲ ခေါင်းပဲအသာညိမ့်ပြီး အခန်းစီပြန်ထွက်လာခဲ့တယ်
တိုက်ခန်းနားနီးလေလေ ကျွန်တော့်အနောက်အနေတစ်ယောက်ယောက်ကပ်လိုက်လာသလိုလို ထင်ကုန်ပါတော့တယ် တိုက်ပေါ်တတ်တော့လဲ တစ်စုံတစ်ယောက်က ရှေ့မှာကြိုစောင့်နေသလိုလို နောက်ကလိုက်တတ်လာသလိုလို အို ဘာပြောကောင်းမလဲ ချွေးတွေကို ရွဲနေတော့တာ အခန်းသော့တောင် ကြောက်ကြောက်နဲ့ဖွင့်တာ တော်တော်နဲ့ ဖွင့်မရဘူးဗျာ စိတ်ကတိုလာတယ် ဘယ်သူ့ကိုစိတ်တိုလို့တိုရမှန်ကိုမသိတော့ဘူးကိုယ့်ကိုကိုလား ဦးဒူဝတို့ကိုလား မဟုတ်မှလွဲရော ဦးဒူဝတို့ ငါ့ကိုအသစ်ဆိုပြီးနောက်ပြောင်လိုက်တာများလား ဟာ ဖြစ်နိုင်တာပေါ့ တောက်ကွာ တော်တော်ဆိုးတဲ့လူတွေ ငါ့မှာစဉ်းစားပြီးကြောက်လိုက်ရတာ စိတ်သက်သာရာရတော့မှအခန်းတံခါးဖွင့်ရတော့တယ် အခန်းထဲရောက်တော့ အပြင်မသွားခင်မိန်းချခဲ့တာဆိုတော့ မှောင်မဲနေတာပေါ့ ကြယ်ရောင်လေး ခပ်မှိန်မှိန်ကတော့ ပြတင်းတံခါးကနေတိုးဝင်နေတယ် အခန်းထဲဝင် အခန်းတံခါးပြန်ပိတ်ပြီး မိန်းတင်ဖို့ မိန်းခုံရှိတဲ့စီစမ်းတဝါးဝါးလျှောက်နေတုန်းမှာပဲ ကျွန်တော်ကုတင်ဘေး ပြတင်းတံခါးကဝင်လာတဲ့ကြယ်ရောင်အောက်မှာ တစ်စုံတစ်ရာကို သတိပြုမိလိုက်တယ်
မိန်းမတစ်ယောက်
ကျွန်တော့်ကို လက်ညိုကြီးထိုးနေတယ် ဘုရားရေ ဘယ်သူလဲ
" ဟိတ် နင်ဘယ်သူလဲ "
ဘာဖြေသံမှမကြားရ ခပ်ဝါးဝါး မတ်တပ်ရပ်ပဲရပ်နေတယ်
ကျွန်တော်လဲ ဘာလုပ်ရမှန်မသိဘဲ မိန်းရှိရာခပ်သွက်သွက်သွားပြီး မိန်းတင်လိုက်တယ် မီးရောင် ဖွေးကနဲ့ လင်းထိန်လာပြီး ကျွန်တော့်မျက်စိပါရုတ်တရက်ဖွင့်မရအောင်စူးသွားတယ် တစ်အောင့်နေတော့မှ မျက်စိဖွင့်ကြည့်လိုက်တော့ ခုနက ကောင်မလေးက လုံးဝမရှိတော့ဘူး ကျွန်တော်တွေ့လိုက်တာ တစ်ကယ်ပါ သူမဘယ်ရောက်သွားတာလဲ တံခါးကလဲ ပိတ်ထားတာပါ ကုတင်အောက်ရှာကြည့်တယ်လုံးဝမရှိဘူး ပြတင်းတံခါးကနေခုန်ချအောင်လဲမဖြစ်နိုင်ဘူး ခုနှစ်လွှာဆိုတော့ အမြင့်ကြီး
နောက်ထက်ပိုပြီ ကျွန်တော်မျက်လုံးပြူးရတာက တစ်နေကုန်ပစ္စည်းတွေရှင်းထားမလိုတာတွေလွင့်ပစ်ထားခဲ့ပေမယ့် ကျွန်တော့်ပစ္စည်းတွေချည်ပဲ ကြမ်းပေါ်မှာ ရောက်နေပြီး နဂိုရှိပြီးသားပစ္စည်းတွေက သူ့နေရာနဲ့သူအားလုံးပြန်ရောက်နေတယ် အို ဘုရား ဘုရား
ဒါဘယ်လိုဖြစ်တာလဲ ငါတစ်မနက်လုံးရှင်းလင်းထားတာပါ
ဘယ်သူဝင်မွှေသွားတာလဲ ကျွန်တော့်စိတ်တွေ လုံးဝထိန်းမရအောင် ခြောက်ခြားသွားပါတယ် ခုနကောင်မလေးကကော ဘယ်သူလဲ ကျွန်တော်ချက်ချင်းဆိုသလို အခန်းအပြင်ပြန်ထွက်ပြီး ဦးဒူဝစီသွားဖို့ဆုံးဖြတ်လိုက်တယ် ဒါပေမယ့် သူက တစ်ခုခုထူးခြားနေရင်မနက်မှလာဆိုပြီးမှာလိုက်တော့ ပြန်ထိုင်နေလိုက်ရတယ် ကျွန်တော်ဘာဆက်လုပ်ရမလဲ
မတတ်နိုင်ဘူး ကျွန်တော် ဒီညတော့ ဒီမှာနေရတော့မှာပေါ့
ကျွန်တော်လဲ တွေးရင်းတောရင်နဲ့ ဘယ်အချိန်ဘယ်လိုအိပ်ပျော်သွားတယ်မသိပါဘူး နှစ်နှစ်ချိုက်ချိုက်ကိုအိပ်ပျော်သွားတာ
ကောင်လေးတစ်ယောက်က ကောင်းမလေးတစ်ယောက်မွေးနေ့အတွက်ဆိုပြီးလက်ဆောင်ပစ္စည်းတွေအများကြီးယူလာတယ် နှစ်ယောက်သား အခန်းထဲမှာပြင်ဆင်ယင်းပျော်ရွှင်နေကြတာပေါ့ ဟိုပစ္စည်းလေး ဟိုနားထားလိုက် ဒီပစ္စည်းလေးဒီနားထားလိုက်ပေါ့ သူမဖွားဖွားက ဒီနှစ်ကောဆိုသုံးနှစ်ဆက်တိုက် ဘီလေးတစ်ခြောင်းမွေးနေ့လက်ဆောင်ပေးတတ်တယ် ဘီးသုံးခြောင်းလုံးမှာ ရေးထားတယ် H B from G-mom
တဲ့ သူမရဲ့ အမေစီက ဒီနှစ်တော့ သူမအကြိုက်ဆုံးအရောင်နဲ့ အင်္ကျ ီသုံးထည် လာပေးနေတယ် သူမအမေက အရပ်ပုပု အမျိုးသမီးတစ်ယောက်ပေါ့ ပေးပြီးသူမပြန်သွားတယ်
သိပ်မကြာပါဘူး ခပ်ကြမ်းကြမ်းဖွင့်လိုက်တဲ့ တံခါးသံကြောင့် သူတို့နှစ်ယောက်လုံး လန့်သွားတယ်
နောက် အသားခပ်ညိုညို အမျိုးသားကြီးတစ်ယောက်ဝင်လာပြီးဆူကြိမ်းမောင်းပါတော့တယ် ကောင်လေးနဲ့ ကောင်မလေးကတော့ ဒူထောက်မတတ်တောင်းပန်နေတယ် ပတ်ဝန်ကျင်ကလူတွေတော်တော်များများလဲ ထွက်ကြည့်ကြတာပေါ့ အဲဒီအချိန်မှာ ကောင်မလေးကရှက်လို့ထင်ပါရဲ့ တိုက်ပေါ်ကဆင်းပြေးပါတော့တယ် ခပ်လှမ်းလှမ်းက ရေကန်စီပေါ့ ကောင်မလေးကပြေဆင်းသွားတော့ ကောင်လေးကလိုက်သွားဖို့ ပြင်တယ်ဆိုရင်ပဲ အသားညိုညို လူကြီးက ကောင်လေးကိုတားတယ် ကောင်လေးကဇွတ်ပါပဲ နောက်ကနေပြေးလိုက်သွားတယ် အဲဒီတော့ ကောင်လေးနောက်ကို အသားညိုညိုလူကြီးကပါ ထပ်လိုက်တာပေါ့
ကန်ထဲကို ထိုးထားတဲ့ တံတားထိပ်မှာ ကောင်လေးက ကောင်မလေးကို မျက်ရည်တွေသုတ်ပေးပြီးချော့နေတယ်
အဲဒီအချိန်မှာ ခုဏက အသားညိုညိုလူကြီးရောက်လာပြီး ကောင်မလေးကို လက်ညိုးငေါက်ငေါက်ထိုးပြောဆိုပြီး ရေထဲတွန်းချလိုက်တယ် နောက်ကောင်လေးလက်ကို ဆွဲပြီးအဲဒီနေရာကနေတရွတ်တိုက်ဆွဲခေါ်သွားတယ် ကောင်လေးကတော့ တဖွဖွတောင်းပန်ရင်း ငိုရင်းနဲ့ပါသွားတယ် ရုတ်တရက်ကျွန်တော်အသက်ရူတွေကြပ်လာတယ် အို ကျွန်တော်ရေမွန်းနေတာပဲ ဘုရားရေ ခုနကတွန်းချလိုက်တာ ကျွန်တော့်ကိုပါလား ဘုရား ကယ်ကြပါအုံး ရေနစ်တော့မယ်
ဇွတ်အတင်းရုံးရင်းကူးရင်းနဲ့ အိပ်ယာကလန့်နိုးသွားတယ်
ဘုရား ဘုရား ဘယ်လိုအိပ်မက်ကြီးပါလဲ ကြောက်စရာကောင်းလိုက်တာ မနက် ၇ နာရီ ၃၀ မိနစ်မှာ ကျွန်တော် အိပ်ယာကနိုးလာတယ် ရေချိုးအဝတ်အစားလဲပြီး ဦးဒူဝစီထွက်လာခဲ့လိုက်တယ် ဆိုင်နားလေးရောက်တော့ ကျွန်တော်ကြောင်သွားတယ် ဟုတ်သေးပါဘူး ဒီနေရာမှန်ပါတယ် ဘယ်ရောက်သွားတာလဲ ကျွန်တော်ညကဆိုင်ကိုရှားမတွေ့တော့ပါဘူး ညကဆိုင်နေရာမှာ မီးလောင်ထားတဲ့အခန်းပဲရှိနေတယ်
အထဲမှာလဲ ဘာဆိုဘာမှမရှိပါဘူး တော်တော်ဟောင်းနွမ်းနေတဲ့အခန်းပါ ညကမှ ကျွန်တော်ထိုင်ပြီး ညနေစာတောင်စားခဲ့ပါသေးတယ် ဘယ်လိုဖြစ်တာလဲ ဘေးနားကဖြတ်လျှောက်သွားတဲ့ အန်တီတစ်ယောက်ကိုတွေ့တာနဲ့
" အန်တီ ဒီနားက ၂၄ နာရီဖွင့်တဲ့စားသောက်ဆိုင်ကဘယ်လိုသွားရတာလဲပြောပြပေးပါလား ကျွန်တော်မျက်စိလည်နေသလားလို့ပါ "
" ဒီနားမှာ ၂၄နာရီဖွင့်တဲ့စားသောက်ဆိုင် မရှိပါဘူးကွဲ့ "
" ဗျာ... ဟုတ်လို့လား
ကျွန်တော်ညကမှ အဲဒီဆိုင်မှာ စားလာတာပါ ဒီနားလေးတစ်ဝိုက်မှာရှိတာ "
" မဖြစ်နိုင်တာ ကောင်လေးရယ် အမဒီနားမှာနေလာတာ၂နှစ်ကျော်ပြီ တစ်ခါမှမကြားဖူးပါဘူးကွယ် မယုံရင်လဲ ဆက်ရှာပေါ့ "
ခပ်ရွဲ့ရွဲ့ပြောသွားသောအမျိုးသမီးကြီးကို ငေးကြည့်ရင်မယုံနိုင်ဘူး ကျွန်တော်တစ်ကယ် ကြုံတွေ့ခဲ့တာပဲလေ ရုတ်တရက် ညကအိက်မက်ထဲက ကောင်မလေးအမေကို သွားသတိရတယ် အဲဒီအမျိုးသမီးကိုသိတာပေါ့ သူမက ကျွန်တော့်ကိုအိမ်ရှာပေးတဲ့ အိမ်ပွဲစားအမျိုးသမီးလေ အဲဒီတော့ ချက်ချင်းဖုန်းဆက်ခေါ်ရတော့တာပေါ့ သူမရောက်လာတော့မှ အကြောင်းဆုံသိရတယ်...
ကောင်မလေးက သူသမီးပါတဲ့ကောင်မလေးမွေးနေ့မှာ သူ့ကောင်လေးကပစ္စည်းတွေအများကြီးဝယ်ပေးပေမယ့်
သူ့ဦးလေးစီက ပိုက်ဆန်ခိုးပြီး ဝယ်ပေးတာတဲ့ အဲ့ဒါကို သူ့ဦးလေးကသိသွားပြီး ကောင်မလေးအခန်းသွားသောင်းကြမ်းရာက ကန်ဘေးမှာစကားအခြေအတင်ရန်ဖြစ်ပြီး ကောင်လေးဦးလေးက ကောင်မလေးကိုရေထဲတွန်းချပြီးသူ့တူကိုဇွတ်ဆွဲခေါ်သွားခဲ့တယ်တဲ့ ကောင်လေးဦးလေးက ကောင်မလေးရေမကူးတတ်တာမသိခဲ့တော့ ကောင်မလေးက ရေနစ်ပြီးဆုံးသွားခဲ့တာ နှစ်ယောက်လုံးကတော်တော်ချစ်ရှာတော့ ကောင်လေးပေးတဲ့ လက်ဆောင်ပစ္စည်းလေးတွေကိုစွဲလမ်းပြီး မကျွတ်မလွတ်ဖြစ်နေရှာတာပါ ကောင်မလေးဆုံးပြီး တစ်လလောက်အကြာမှာ ကောင်လေးက ဦးလေးဆိုင်မှာပဲ သူတစ်ယောက်တည်းရှိနေချိန်မှာ တစ်ဆိုင်လုံးမီးရိူ့ပြီးအဆုံးစီရင်လိုက်တယ်တဲ့ သူ့ဦးလေးကတော့ မီးထဲပါသွားတဲ့ သူ့တူကိုဝင်ကယ်ဖို့ကြိုးစားရင်းက သူပါမီးထဲပါသွားခဲ့တယ်တဲ့
" ဘုရား ဒါဆို အခုတိုက်ခန်းနားက လမ်းထောင့်ကဆိုင်က အဲဒီမီးလောင်တဲ့ အခန်းလား "
" ဟုတ်တယ် "
အိုးကျွန်တော့်စိတ်တွေခြောက်ခြားကုန်ပါတော့တယ် လမ်းပျောက်သွားသလိုပဲ တစ်ကိုယ်လုံးလဲအေးစက်သွားတယ်
" ဒါဆို ကျွန်တော် ဘာဆက်လုပ်သင့်လဲ "
" မပြောတတ်ဘူးကောင်လေး ငါတို့လဲ တတ်သမျှ သိသမျှနဲ့တော့ အနှောက်အရှက်မပေးအောင်လုပ်တာပဲ မရပါဘူးကွယ် "
" ဟာ အန်တီ အဲလိုတော့မလုပ်နဲ့လေ ဒါအန်တီ သက်သက်ညစ်တာပဲ အစကတည်းကကြိုပြောသင့်တာပေါ့ "
" ကောင်လေးငါက အိမ်ပွဲစားလေ အဲဒီလိုနိူက်နိူက်ချွတ်ချွတ်ပြောနေရင် ငါ့လက်ထဲမှာရှိနေတဲ့ အိမ်ခန်းတွေ ဘယ်ရောင်းထွက်ပါ့မလဲ ငါ့အိမ်ခန်းတွေရောင်းထွက်အောင် ငါကတော့ ငါ့ဘောင်ထဲကနေ ဆွယ်ရတာပဲ မင်းကိုယ်တိုင်ကကော ငါ့ကို ဒီလိုမေးခဲ့လို့လား အခုမှမေးတာလေ ကဲငါကတော့ပြောစရာရှိတာပြောပြလိုက်ပြီ ဒါမင်းပိုင်တဲ့အခန်း ကျန်တာမင်းကိစ္စပဲ ငါနဲ့မဆိုင်ဘူး "
ဆိုပြီးပြောဆိုရင်းအခန်းထဲကထွက်သွားတယ်ဗျာ
မှန်တဲ့စကားတိုင်းက တစ်ခါတစ်လေ နားဝင်ဆိုးတာဆိုတာဒါမျိုးပေါ့ သူပြောတာလဲဟုတ်နေတာပဲလေ ဘုကျကျအပြောခံရတော့ စိတ်ကလဲ တိုသွားတယ် ဟုတ်တယ် ဒါငါ့အခန်းပဲ လက်ရှိငါပိုင်တဲ့ငါ့အခန်း ဆိုပြီး
" ကဲ အမိ မင်းဘာသာဘာကောင်းဖြစ်ဖြစ် ဒီအခန်းကို အရင်ကမင်းပဲပိုင်ပိုင် ဘယ်သူပိုင်ပိုင် ငါဂရုမစိုက်ဘူး အခုလက်ရှိ မင်းအမေကိုယ်တိုင်ငါ့ကိုစာချုပ်စာတန်းနဲ့ တကွရောင်းလိုက်ပြီ အဲဒီတော့ ဒီအခန်းကလက်ရှိငါက တရားဝင်အပိုင်ပဲ ဒီတော့ ငါ့အခန်းကနေထွက်သွားပါ အခုချက်ချင်းထွက်သွားပါ မင်းပစ္စည်းတွေကိုပါ တစ်ပါတည်းယူသွား မနက်ဖြန်မနက်မိုးလင်းတာနဲ့ မင်းပစ္စည်းတွေကျန်နေရင် ငါအားလုံးမီးရိူ့ပစ်မယ်
အေးမင်းမကျေနပ်ရင် ငါ့ကိုရန်မရှာနဲ့ မင်းနဲ့ငါဘာမှမဆိုင်ဘူး မင်းအမေနဲ့သွားရှင်း "
ကျွန်တော်လဲ ဒေါသထွက်ထွက်နဲ့ ပြောဆိုပြီး အခန်းတံခါးကိုအပြင်ကသော့ခတ်ပြီးထွက်လာခဲ့တယ် ဒီနေ့တစ်ညတော့ အပြင်မှာပဲအိပ်ဖို့ဆုံးဖြတ်လိုက်တယ်
နောက်တစ်မိုးလင်းတော့ ကျွန်တော့်သူငယ်ချင်းစီကနေ ကျွန်တော်အိမ်ကိုပြန်လာခဲ့တယ် အိမ်နားမရောက်ခင် ရေကန်ဘေးကဖြတ်လျှောက်လာတော့ နေရောင်တလတက်လက်တောက်ပနေတဲ့ ရေကန်ထဲမှာ ပစ္စည်းလေးတွေ ပေါလောပေါ်နေတာတွေ့လိုက်ရတယ် သေချာကြည့်မိတော့ ဟာ ကျွန်တော့်အခန်းထဲက ပစ္စည်းအဟောင်းတွေပဲ ကျွန်တော်လဲ ဝမ်းသာအားရအခန်းစီပြေသွားပြီး သော့ဖွင့်ဝင်ကြည့်လိုက်တော့ တစ်ခန်းလုံးကျွန်တော့်ပစ္စည်းတွေကလွဲလို့ ဘာဆိုဘာမှရှိမနေတော့ပါဘူး ကုတင်ကော စားပွဲကောပါပဲ လုံးဝ ဟောခန်းကြီးပဲကျန်တော့တယ် ကျွန်တော်မှာရယ်ရမလိုငိုရမလိုပါပဲ အစအဆုံးအကုန်ပြန်မှာထည့်ရတော့တာပေါ့ နောက်တစ်ရက် အားလုံးအဆင်ပြေပြေဖြစ်သွားတော့ ကောင်မလေးအမေစီအဆင်ပြေသွားကြောင်းဖုန်းဆက်ပြောတော့ ကြားလိုက်ရတဲ့သတင်းအတွက် အံသြမိရပြန်တယ်
ကောင်မလေးအမေ အရူးထောင်ရောက်သွားတယ်တဲ့ မနေ့ကမနက်က အဖျားတွေကြီးပြီး ကယောင်ကတမ်းတွေပြောရာက သဲခြေပေါက်ပြီးရူးသွားတယ်လို့ ဆေးစစ်ချက်ထွက်လာတယ်တဲ့
ကျွန်တော့်အတွေးထဲတော့ ကြက်သီးတဖျန်းဖျန်းထသွားတယ်
တော်တော်ဆိုးတဲ့ ကောင်မလေးပဲ
သျှိုင်း (september 25, 2015)






No comments:
Post a Comment