ကလေးတစ္ဆေ

ဘဝပြောင်းလို့သေဆုံးသွားတဲ့


သက်ရှိ သဲမြေလက်တစ်ဆုပ်စာ


ဟာ လူပြန်ဖြစ်တဲ့အရေအတွက်


ကလက်သည်းခွံမှာ ကပ်ကျန်နေ


တဲ့သဲမှုံလေးလောက်ပဲလို့ဘုရား


ရှင်ကဟောခဲ့တယ်။


သရဲတစ္ဆေ ဒီလောက်များတာနော်။


ဒြပ်ထု ထုနဲ့ထည်နဲ့မမြင်ရလို့သာ


ဒါကြောင့်လမ်းလျှောက်ရင်လက်


ကိုမလိုအပ်ပဲ လှှုပ်ယမ်းမလျှောက်


ဖို့တားမြစ်ထားတာ အပလောက


က မိမိဘေးပတ်ဝန်းကျင်မှာဘယ်


လောက်များနေလဲ။လမ်းလျှောက်


ရင်တောင်ဝင်တိုက်မိတိုးမိနေမှာ


လက်နဲ့ရိုက်ပုတ်မိရင်နာကျင်ရှာသ


တဲ့။


ဒီလောက်များတဲ့သရဲတွေအဟုတ်


ရှိတယ်ဆိုရင် ယုံမလား ?


အမေနဲ့သရဲ အအုပ်။


---------------------


သားနဲ့ချွေးမ အလုပ်အရမ်းများလို့


သူတို့ငှားထားတဲ့ခြံကျယ်တိုက်


ဟီး လူမနီးတဲ့မဟာမြိုင်မှာ အိမ်အ


ကူ မလေး နဲ့သွားစောင့်ပေးရ


တယ်။


သားတို့ကအလုပ်များတဲ့အထဲအ


ဆောက်အဦးကလည်းဆောက်နေ


တော့တနေကုန်အိမ်မကပ်ကြအိပ်


ခါနီးမှပြန်လာမနက်စောစောထွက်


နေ့တဓူ၀ မလေးနဲ့နှစ်ယောက်ထဲ


ချက်ပြုတ်စားကြ တီဗီကြည့်ကြ


ဆိုဒ်ထဲကအလုပ်သမားတွေပစ္စည်း


လာယူရင် တံခါးဖွင့်ပေး ဖုန်းလာ


ရင်လက်ခံပြောဒါပါပဲ။


ခြံကျယ်ကြီးမှာတိုက်အကြီးကြီးလူ


က၂ယောက်ထဲ တခါတလေမလေး


ဈေးဝယ်ထွက်ရင်တယောက်ထဲ။


အစကမသိဘူး။ နောက်တော့သိ


လာတယ် အခန်းတံခါးဖွင့်ရင်အထဲ


ကတွန်းထားတာမျိုးအပြင်ထွက်ရင်


လုံခြည်လိုက်ဆွဲတာမျိုး တိုက်ဆိုင်


တာမဟုတ်ခဏခဏ။ ကြာတော့


အတင့်ရဲလာသလားမသိဘူး။


ခိုးခိုးခစ်ခစ်ရီသံတွေပါပေးတယ်။


နေ့ခင်းကြောင်တောင်အောက်


ထပ်မှာတီဗီထိုင်ကြည့်နေတုံးမျက်


လုံးဒေါင့်မှာလှေကားပေါ်ကက


လေးတွေပြေးဆင်းလာသလိုထင်ရ


လို့ဖျတ်ကနဲ လှေကားဖက်လှည့်


ကြည့်လိုက်ရင်ဘာမှမတွေ့ဘူး။


မလေးက


" ဖွားဖွားကြီး ဘာကြည့်တာလဲ


ကလေးတွေလှေကားပေါ်ဆော့နေ


တာလား " တဲ့


" ဟင် ညီးကဘယ်လိုသိတာလဲ"


" သမီးလဲ အဲလိုထင်လို့ကြည့်နေ


တာ ဖွားဖွားကြီးဒီအိမ်ကသရဲခြောက်


သလားမသိဘူးနော်တဲ့"


သူကြောက်မှာစိုးလို့မဟုတ်ပါဘူး


စိတ်ထင်လို့ပါအေ ဆိုတော့သမီး


အဝတ်လျှော်နေတုံး ဘေးမှာငုတ်


တုပ်ကလေးတွေလာထိုင်နေကြ


တယ်။ညီးသေချာမြင်ရလို့လား။


အခုလိုဝိုးတိုးဝါးတားပေါ့အဲ တခါ


တလေ ဘိုထိုင် အိမ်သာအဖုံးတွေ


တဝုန်းဝုန်းတဗြန်းဗြန်းလာလုပ်တာ


ဖွားဖွားကြီးရဲ့။


ဟုတ်ရဲ့လားအေ


ဟုတ်တယ် ည ည တံခါးလက်ကိုင်


ဘုလာလာလှည့်တယ်


ညီးကြောက်လား


ကြောက်တာပေါ့ဖွားဖွားရဲ့သမီး


ကပြန်ချင်ပြီ အကိုတို့ကိုမပြောရဲ


လို့။


သားတို့လင်မယားကတော့ဘာမှ


မသိ မိမိကိုယ်တိုင်လည်းတိတိကျ


ကျမတွေ့တော့ပြောပြမနေဘူး။


မလေးကပြန်ချင်တယ်ပဲနေ့တိုင်း


ပြောနေတယ်။


ဖွားဖွားသိလား ဒီတိုက်ကြီးကအ


ရင်တုံးက ကလေးတွေအဆောင်


တဲ့။


ညီး ဘယ်သူပြောတာလဲ။


အရပ်ထဲကလူတွေပြောတာ မီး


လောင်သွားလို့ပြန်ပြင်ဆောက်


ထားတာတဲ့ကလေးတွေအများ


ကြီးသေထားတာလို့ပြောတယ်။


သူပြောမှကြောထဲကစိမ့်လာတယ်


အဲနေ့ပဲသားကိုပြောရတယ်


မင်းတို့လည်းအိမ်ကပ်တာမဟုတ်


စားတော့လည်းအပြင် ငါတို့ဘာ


သာချက်ပြုတ်စားနဲ့ကောင်မလေး


လည်းပြန်ချင်ပြီ ငါလည်းပျင်းပြီ


အဆောက်အဦးကလည်းပြီးတော့


မှာဆိုတော့နဲနဲကျန်တဲ့ပစ္စည်းတွေ


ရွှေ့ပြီးအိမ်သော့ပိတ်ခဲ့ရတာပဲ


လို့ပြောပြတယ်။ ပစ္စည်းသယ်ဖို့တ


ရက်လောက်တော့စောင့်ပေးပါဦးတဲ့ကောင်မလေးကပျော်လို့။


အဲဒီညပါပဲ။


မီးကညဦးကတဲကပျက်သွားတယ်


ခါတိုင်းသားရှိရင်မီးစက်နိုးရဲ့


လမိုက်ရက်လည်းဖြစ် စောစောအိပ်ယာထဲဝင်ကြတယ်


မလေးကသူ့အခန်းထဲပြန်သွားရဲ့


ပြူတင်းပေါက်မြင်ရတဲ့ဟိုဖက်ခြံက


သရက်ပင်အုပ်အုပ်ကြီးက လေ


တိုက်တိုင်းမဲမဲလှုပ်လှုပ်


ဒီခြံကအဆောက်အဦးလည်းမရှိ


သရက်ပင်တွေသာ


နေခင်းနေ့လည်တောင်ဆိုင်ကယ်


တို့ကားတို့အသွားအလာကြဲရတဲ့


အရပ်ညဖက်ကျတော့တိတ်ဆိပ်


လို့။ဟိုဖက်လမ်းတော့အသွားအ


လာရှိရဲ့ခွေးလေခွေးလွင့်တွေက


လည်းများမှများ အူလိုက်ကြတာ


လည်းခြောက်ခြားစရာ။တရားလဲ


မှတ်မရ တရားစာအုပ်ဖွင့်တရုတ်မီး


အိမ်လေးနဲ့ဖတ်နေတယ်။မလေး


ကစောစောပိုင်းအခန်းထဲအတူလာ


နေပြီးအိပ်ချင်လို့သူ့အခန်းပြန်သွာ


ခဲ့ပြီအတူခေါ်အိပ်ချင်ပေမဲ့ နှစ်


ယောက်မအိပ်တတ်တာကြာပြီ။


စာဖတ်နေတုံး၁ယောက်ယောက်


ကလာငုံ့ကြည့်နေသလိုခံစားရ


တာနဲ့စာအုပ်ဖယ်ပြီးဘေးပတ်ဝန်း


ကျင်ကြည့်တော့လည်းဘာမှမရှိ


စာအုပ်ပြန်ဖတ်လိုက် ငုံ့ကြည့်နေ


လိုက်စိတ်ထဲကကြောက်လာတာနဲ့


မီးမပိတ်ပဲမျက်လုံးမှိတ်နေလိုက်


တယ်။မလေးအသံတော့မကြားရ


ဘူးအိပ်များပျော်သွားလားမသိ။


ခဏလေးလောက်ပါပဲ


ဒူးခေါင်းနှစ်ဖက်လုံးကိုဆတ်ဆတ်ခါ


အောင်လှုပ်လို့ ထ ထ ထ နဲ့လာ


ဆွဲခါတာခံလိုက်ရတယ်။ကမန်းက


တန်းခေါင်းထောင်ကြည့်တော့တ


ရုတ်မီးအိမ် မှိန်မှိန်အောက်မှာက


လေး၂ယောက်တစ်ယောက်ကမိန်း


ခလေးကြက်တောင်စီးလေးနဲ့တစ်


ယောက်ကယောင်္ကျားလေး၀၀ကစ်


ကစ် ၈နှစ်၁၀နှစ်ဝန်းကျင်လေးတွေ


တကယ်လိုလိုအိမ်မက်လိုလို။


အိမ်မက်မဟုတ်တာလည်းသေချာ


သိနေတယ်။ရုတ်တရက်တော့သရဲ


တစ္ဆေကိုသတိမရဘူး ကြောင်ပြီး


ကြည့်နေမိတယ်။ကြည့်နေရင်းဦး


နှောက်အသိကဒီအိမ်မှာကလေးမ


ရှိဘူးဆိုတဲ့အသိဝင်လာမှကြက်သီ


တွေ ဖျန်းခနဲထ ခေါင်းတွေပူ အ


သက်ရှုကျပ်လာတယ်တော်ရုံသွေး


တိုးနှစ်လုံးရှိရင်အသက်ပါလောက်


တဲ့အဖြစ်ပါ။


သတိဝင်လာမှ ခြေထောက်နှစ်ဖက်


ကိုရုံးကန်ပြီး သွားစမ်း သရဲတွေ


လို့မျက်စိမှိတ် အသံကုန်ဟစ်လိုက်


မိတယ်။မျက်စိပြန်ဖွင့်တော့တစ်


ယောက်မှမရှိတော့ဘူး။လူလဲချွှေး


တွေရွှဲနစ်မောဟိုက်နေပြီ။


အဲဒီအချိန်မှာပဲ


မလေးအိပ်တဲ့အခန်းဖက်က


အား း း ဆိုတဲ့အသံနက်ကြီးထိတ်


လန့်စဖွယ်ကြားလိုက်ရတယ်။


ကမန်းကတန်းထလို့တံခါးကိုပြေး


ဖွင့်ပါတယ် လက်ကိုင်သော့ဘုကို


လှည့်လို့ရပေမဲ့ဆွဲဖွင့်လို့မရဘူး


အပြင်ကတယောက်ယောက်ဆွဲ


ထားတာသိသာတယ်။တံခါးရွက်က


ပါလာလိုက် ပြန်ပိတ်သွားလိုက်တ


ယောက်ယောက်နဲ့ပြိုင်ဆွဲရသလို


ပါပဲ။ဘုရားစာရွတ်ပြီးအားကုန်ဆွဲ


တော့ဝုန်းဆိုမွေ့ယာပေါ်ပက်လက်


လန်အားလွန်ကျသွားတယ် တံခါး


ကပွင့်သွားတယ် ခိုးခိုးခစ်ခစ် က


လေးတအုပ်ရီမောသံ အခန်းအပြင်


အမှောင်ထဲက ကြားရတယ်။


မလေးအတွက်စိတ်ပူတာနဲ့အခန်း


ထဲကခပ်သွက်သွက်ထွက်တော့


လှေကားနားမရောက်ခင်ပဲခြံဝက


သားတို့ကားဟွန်းသံကိုကြားရ


တယ်။ မလေးအခန်းဖက်သွားရမ


လို ခြံတံခါးသွားဖွင့်ရမလို ချီတုံချ


တုံဖြစ်နေတုံး မိမိကိုယ်ခန္ဓာရဲ့ဘေး


က ရွှတ်ကနဲ့ရိပ်ကနဲ လေတိုးသံ


တွေနဲ့ကလေးသရဲ အုပ်ဖြတ်ပြေး


နေကြတာ သိရှိခံစားနေရတယ်။


စောစောကလောက်တော့မလန့်


တော့ဘူး။ကားဟွန်းသံကလည်းအ


ဆက်မပြတ်မို့ခြံတံခါးဆီပြေးရတ


ခါးဆီပြေးရတယ်။


တုန်တုန်ရီရီဖြစ်နေတဲ့မိမိကိုကြည့်


ပြီးသားတို့လင်မယားကနားမ


လည်ဘူးဖြစ်နေတယ်။စကားလဲမ


ပြောနိုင်တော့ဘူးမလေးအခန်း


ဖက်လက်ညှိုးပဲထိုးပြနိုင်တယ်။


ခဏနေတော့သတိလစ်နေတဲ့မ


လေးကိုဧည့်ခန်းသယ်လာပြီး သတိရအောင်ပြုစုနေကြတယ်။


မလေးထူထူထောင်ထောင်ဖြစ်လာ


တော့အကြောင်းစုံကိုသူတို့လင်မ


ယားမေးမြန်းနေကြတယ်။မိမိက


တော့ယောင်္ကျားဆီဖုန်းခေါ်ပြီးည


တွင်းခြင်းလာခေါ်ခိုင်းအိမ်ပြန်ခဲ့တာ


ဟိုရက်က သားတို့ဆွမ်းကပ် တရားနာတာတောင် အဲဒီအိမ်ကို


မသွားဖြစ်ခဲ့တော့ပါ။


                            အိုးစူး


သရဲဒီလောက်ပေါတာရေးစရာမရှိ


ဘူး kogyi နဲ့sky ရေ ။တွေးပုချိ။

No comments:

Post a Comment

Back to Top

MMDW ရဲ့ ပင်မတင်ဆက်မှု တစ်ခုဖြစ်သည်