အလောင်းစောင့်တဲ့ည

 ဦးစိန်ဘဆိုလျှင် ဤနယ်တစ်ကြောတွင် မသိသူမရှိ


အောင် ကြွယ်ဝချမ်းသာသူတစ်ဦးဖြစ်သည် ။


         နယ်မြို့လေးတစ်မြို့တွင် နေထိုင်သူ ဦးစိန်ဘသည်


 သရက်နှင့် လိမ္မော်ခြံအမြောက်အများကို ပိုင်ဆိုင်ထားပြီး


 အသက် ၅၀ အရွယ်ဖြစ်သည် ။


         သားသမီးများ ၊ အခြွေရံသင်းပင်းများဖြင့် မြို့လယ်


တွင် တင့်တယ်စွာ နေထိုင်နိုင်သူဖြစ်သည် ။


         လွန်ခဲ့သော နှစ်လခန့်က ဦးစိန်ဘ၏ ညီကိုသာလှ


တစ်ယောက် အဆုပ်ရောဂါဖြင့် တရှောင်ရှောင်ဖြစ်နေခဲ့


ရာမှရောဂါအခြေအနေဆိုးလာသောကြောင့် ဆေးရုံ


တင်ထားရသည် ။


         ကိုသာလှသည် ဦးစိန်ဘတို့ မွေးချင်း ၅ ယောက်


ထဲတွင် အငယ်ဆုံးဖြစ်သည် ။


         ထို့ပြင် ကိုသာလှသည် အိမ်ထောင်မပြုဘဲ လူပျိုကြီး


ဘဝဖြင့် အစ်ကိုဖြစ်သူ၏အိမ်တွင် နေထိုင်ကာ ခြံအလုပ်


များကိုလည်း ကြိုးစားလုပ်ကိုင်သဖြင့် ဦးစိန်ဘအတွက်


 လွန်စွာ အားကိုးရသူဖြစ်သည် ။ 


          ယခု မြို့နယ်ဆေးရုံမှ မနိုင်၍ ခရိုင်ဆေးရုံသို့


 ပြောင်းရွှေ့ကုသထားသည်မှာ တစ်ပတ်ခန့်ရှိပြီ ။


          သို့သော် အခြေအနေက ထူးခြားမလာဘဲ တစ်နေ့


တစ်ခြား ဆုတ်ယုတ်လာခဲ့သည် ။


          ဦးစိန်ဘသည် အလုပ်များအား လက်လွှတ်ထား၍


မရသောကြောင့် ရံဖန်ရံခါသာ သွားကြည့်နိုင်သည် ။ ဇနီး


ဖြစ်သူနှင့် သားသမီးများကတော့ အလှည့်ကျ လူနာစောင့်


သွားကြသည် ။


          ခရိုင်ဆေးရုံနှင့် ဦးစိန်ဘ နေထိုင်ရာမြို့မှာ မိုင် ၅၀


ကျော် ဝေးကွာသည် ။


         သို့ဖြင့် တစ်ညနေတွင် ကိုသာလှသေဆုံးသွားပြီဟူ


သောသတင်းကို လူနာစောင့်သွားသော ဇနီးနှင့် သားသမီး


များက ဖုန်းဆက်ပြောသဖြင့် ကိုစိန်ဘ သိလိုက်ရသည် ။


         ညီဖြစ်သူအတွက် စိတ်မကောင်းဖြစ်ရုံမှလွဲ၍ ဘာမှ


မတတ်နိုင်ပေ ။


         " ကိုစိန်ဘ ... အဲ့ဒါ ဘယ်လိုလုပ်မှာတုံး "


         " ခင်မေ ... ဆေးရုံကနေ အလောင်းကိုထုတ်ပြီး


 ညတွင်းချင်းပြန်သယ်ခဲ့လေ "


        " ရှင်မလာတော့ဘူးလား "


        " အေးလေ .. ငါဒီမှာ စီစဉ်စရာရှိတာ စီစဉ်ထားလိုက်


မယ် .. မင်းသာ အဆင်ပြေအောင်ကြည့်လုပ်ခဲ့ "


        " အလောင်းကို အိမ်အထိသယ်မှာလား "


        " မဟုတ်ဘူးလေ ... သချိုင်းကို တစ်ခါတည်းမောင်း


ညတွင်းချင်း ဂူသွင်းလိုက်မယ် "


        " ဒါဆို သရဏဂုံ တင်ဖို့က "


        " အလောင်းသယ်ဖို့ကိစ္စ အဆင်ပြေတယ်ဆိုရင် ဖုန်း


ပြန်ဆက်လိုက်လေ .. ငါ ဆရာတော်ကို လျှောက်ထား


လိုက်မယ် ... "


        " ဒါဆို သချိုင်းကုန်းမှာ.စောင့်နေကြမှာပေါ့ "


        " မင်းတို့ ထွက်လာပြီဆိုရင် ဖုန်းထပ်ဆက်ပေါ့ ...


 အိမ်ကနေ စီစဉ်စရာရှိတာ စီစဉ်ပြီးတာနဲ့ ထွက်ခဲ့ကြမယ် "


        " အေးပါ .. ဒါဆို အလောင်းသယ်ဖို့ကိစ္စ ဆေးရုံအုပ်


ကြီးနဲ့ သွားတွေ့လိုက်ဦးမယ် .. ပြီးမှ ထပ်ဆက်မယ် ကိုစိန်


ဘ "


        " အေး အေး "


        ထို့နောက် ဦးစိန်ဘသည် ပန်းရံသမားများကိုခေါ်ယူ


ကာ သချိုင်းတွင် အုတ်ဂူအမြန် ပြုလုပ်စေသည် ။


        အမြန်ပြီးစေရန် လူအင်အားတိုးကာ ခေါ်လိုက်ပြီး


ညကိုးနာရီခန့်တွင် အုတ်ဂူပြီးစီးသွားသည် ။


        သို့နှင့် ဇနီးသည်သည်ထံမှ ဖုန်းအဆက်ကိုစောင့်


နေရာ ဖုန်းမလာပေ။


        ထိုအချိန်တွင် မိုးကလည်း ရွာလေပြီ ။


        ဦးစိန်ဘ ဖုန်းခေါ်သော်လည်း မရပေ ။


        ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေလေပြီ ။


        တဖြည်းဖြည်းနှင့် ညဆယ်နာရီပင် ကျော်လာခဲ့လေ


ပြီ ။


        ဦးစိန်ဘတစ်ယောက် အိမ်တွင် ထိုင်ရမလို ထရမလို


ဖြစ်နေသည် ။


        ညတွင်းချင်း ဂူသွင်းမည့်အကြောင်းကို အိမ်နီးချင်း


အချို့ကိုတော့ အသိပေးထားပြီးဖြစ်သည် ။


         သို့သော် ဦးစိန်တို့ အသိုင်းအဝိုင်းသည် ငွေရှင်ကြေး


ရှင်များဖြစ်သည့်အလျောက် အဆင့်အတန်းခွဲခြားကာ ငွေ


ဂုဏ်မောက်လွန်းသဖြင့် တစ်မြို့လုံး၏ ချဉ်ဖက်ဖြစ်သည် ။


         ထို့ကြောင့် အတော်အတန်ရင်းနှီးသူ အနည်းငယ်


သာ ရောက်လာကြသည် ။


         ထိုအထဲတွင်မှ ညဘက်ဂူသွင်းမည်မို့ မိန်းမသားများ


က မလိုက်ဝံ့သဖြင့် ရောက်မလာကြ ။


         ရောက်လာသော လူအနည်းငယ်အတွင်းကို ထပ်မံ


ပိုင်းခြားသော် ညဦးပိုင်းတွင် ဆယ်ယောက်ခန့်ရှိသည် ။


 ထိုမှတစ်ဖန် ညဉ့်နက်လာသော် အလိမ္မာဖြင့် ငြင်းဆိုကာ


ပြန်သွားကြသည် ။


         သို့ဖြင့် ည ဆယ့်တစ်နာရီထိုးသော် သူစိမ်းများအား


လုံး ပြန်ကုန်ကြသည် ။


         ဆေးရုံမှ အဆက်အသွယ်မရသေး ။


         " အင်း ... ဒီပုံအတိုင်းသာဆို သူတို့ထွက်လာ


လောက်ပြီ .. ဖုန်းလိုင်းပြတ်နေလို့သာ သတင်းပို့မရတာ


ဖြစ်မှာ ... ဘာပဲဖြစ်ဖြစ် ဒီညတော့ ရောက်လာမှာပါ ... ရှိ


တဲ့လူနဲ့ သွားမှာပေါ့ "


          ဦးစိန်ဘတစ်ယောက် ထိုသို့စဉ်းစားမိသည်နှင့် အိမ်


ထဲရှိ လူများထံသို့ မျက်လုံးဝေ့ကြည့်လိုက်သည် ။


          အိမ်ထဲတွင် ဦးစိန်ဘ၏သား ကိုကိုနှင့် ခြံအလုပ်


သမား သုံးဦးရှိသည် ။


         အားလုံး လူငယ်တွေချည်း ။


         " ကိုကို "


         " ဗျာ အဖေ "


         " သား သုသာန်ကို လိုက်ရဲလား "


          ကိုကိုသည် ကြောက်တတ်သူမဟုတ် ။


          " လိုက်ရဲတာပေါ့ .. ဘာကြောက်စရာရှိလို့လဲ "


          " အဲ့ဒါဆို ... လှမြင့် ၊ ဖိုးအေးနဲ့ တင်ဦးတို့ "


          " ဗျာ "


          " ခင်ဗျာ "


          " မင်းတို့သုံးယောက် ကိုကိုနဲ့ လိုက်သွား "


          " ဘယ် ... ဘယ်ကိုလဲခင်ဗျ "


          ဖိုးအေးက ကတုန်ကယင်ဖြင့် မေးလိုက်သည် ။


          " သုသာန် ကိုလေ "


          " ဗျာ ... "


          ဖိုးအေးသည် ကြောက်တတ်သူမို့ ဦးစိန်ဘ၏ စကား


ကြောင့် နောက်သို့ အနည်းငယ်ပင် ဆုတ်မိသွားသည် ။


          " ကျွန်တော်တို့က ဘာသွလုပ်ရမှာလဲ "


          လှမြင့်နှင့် တင်ဦးတို့မှာ တော်တန်ရုံကို မကြောက်


ဟု ဆိုနိုင်သော်လည်း ည ဆယ့်တစ်နာရီတွင် သချိုင်းကို


သွားရမည်မို့ ကြောချမ်းနေမိကြသည် ။


          " အလောင်းကို သွားစောင့်ရမှာ "


          " အဖေ ... အမေတို့က အလောင်းသယ်လာပြီ


လား " 


          " ဖုန်းလိုင်းတွေပြတ်နေတော့ ဆက်သွယ်လို့ မရဘူး


လေ ... လာတော့ လာမှာပဲ "


         " ဒါဆို အဖေရော တစ်ခါတည်းမလိုက်ဘူးလား "


         " အဖေက အလောင်းရောက်လာရင် ဆရာတော်ကို


လျှောက်ဖို့ နေခဲ့ရမယ် ... ဒီလိုလုပ် .. သားက ဆိုင်ကယ်နဲ့


သွား ... တကယ်လို့ သုသာန်ကို အလောင်းရောက်လာရင်


အဖေ့ကို ပြန်လာပြော "


          " ဒါဆို သူတို့ကရော "


          " တင်ဦးတို့က ထော်လာဂျီနဲ့ သွားကြ ... ညနေက


တည်းက ပြင်ဆင်ထားပြီးသား ... မောင်းသွားရုံပဲ "


         " ဆရာ ... ကျွန်တော် .. မ. . မလိုက်ရဲဘူး "


          ဖိုးအေးက မဝံ့မရဲဆိုသည် ။


         " လုပ်ပါကွာ ... ငါ့ကိုကူညီတယ်လို့ သဘောထား


စမ်းပါ ... အခုအချိန်ရောက်မှ အပြင်ကလူရှာဖို့မလွယ်


ဘူး .. လိုက်သွားပါကွာ ... မင်းတို့သုံးယောက်ကို အဝတ်


အစားတစ်စုံစီ ငါဝယ်ပေးပါ့မယ် "


         ကျန်နှစ်ယောက်မှာ အဝတ်အစားဝယ်ပေးမည်


ဆိုသဖြင့် တက်ကြွသွားကြသော်လည်း ဖိုးအေးမှာမူ


 အဝတ်အစားအပေါ် တပ်မက်စိတ်ကို ကြောက်စိတ်က


အနိုင်ယူထားသည် ။


          သို့သော် မလိုက်လျှင် မဖြစ်သည့်အခြေအနေမို့


အားတင်းကာ ခေါင်းညိတ်ခဲ့ရသည် ။


           သို့ဖြင့် ည ဆယ့်တစ်နာရီခွဲခန့်တွင် ကိုကိုနှင့် လှမြင့်က ဆိုင်ကယ်ဖြင့်ရှေ့မှ ထွက်ကြပြီး တင်ဦးနှင့်


ဖိုးအေးတို့က ထော်လာဂျီမောင်းကာ နောက်မှ လိုက်သွား


ကြသည် ။


          ဦးစိန်ဘတစ်ယောက်တည်း အိမ်တွင် ကျန်ရစ်ခဲ့


လေသည် ။


 


          သချိုင်းသည် မြို့အထွက် ကားလမ်းအတိုင်းသွားရ


ပြီး မြို့ပြင်ရောက်သော် လမ်ခွဲလေးအတိုင်း တောစပ်သို့


သွားရသည် ။


        လမ်းခွဲလေးအတိုင်း အတန်ငယ် သွားသော် တောစပ်


တစ်နေရာတွင် မြို့သချိုင်းရှိသည် ။


         မြို့သချိုင်းဟု ဆိုသော်လည်း လူတန်းစားမျိုးစုံနေ


ထိုင်ရာ မြို့ငယ်လေးသာဖြစ်သောကြောင့် အုတ်ဂူရော


မြေပုံများပါရှိနေသည် ။


         တောစပ်မို့ ချုံနွယ်ပိတ်ပေါင်းထနေကာ သစ်ပင်ကြီး


များပင်ရှိနေသည် ။


         ကိုကိုနှင့် တင်ဦးတို့ ဦးစွာ ရောက်ရှိလာခဲ့သည် ။


         ဆိုင်ကယ်ကို ဇရပ်အနီးတွင် ရပ်ထားလိုက်ပြီး ဆိုင်


ကယ်မီးဖွင့်ကာ တင်ဦးတို့အလာကို စောင့်နေလိုက်


ကြသည် ။


          အနည်းငယ်ကြာသော် အဝေးမှ စက်သံသဲ့သဲ့ကို


ကြားရသည် ။


          ထိုမှတစ်ဖန် တစ်စတစ်စနဲ့ နီးလာရာ မကြာမီ တင်


ဦးမောင်းလာသော ထော်လာဂျီသည် မီးရောင်တဝင်းဝင်း


ဖြင့် သချိုင်းထဲသို့ ဝင်လာလေသည် ။


         သချိုင်းမြေဧရိယာသည် အတော်ကျယ်ဝန်းသဖြင့်


ထော်လာဂျီကို ဇရပ်နားအထိ မောင်းဝင်နိုင်သည် ။


         ထော်လာဂျီကိုလည်း ဇရပ်နှင့် မလှမ်းမကမ်းတွင်


 ရပ်ကာ အပေါ်မှ ပစ္စည်းအချို့ကို ချကြသည် ။


         မီးစက်အငယ်တစ်လုံး ၊ မီးကြိုးများ ၊ မီးချောင်းများ


ကို ချကြပြီး ဝိုင်းဝန်းပြင်ဆင်ကြသည် ။


       ဖိုးအေးက ဖျာများချကာ ဇရပ်ပေါ်တွင်ခင်းနေသည် ။


မျက်လုံးနှင့် စိတ်အစဉ်ကမူ မငြိမ်သက်ပေ ။


        မီးကြိုးများဆင်ပြီးချိန်၌ မီးစက်နှိုးရာတွင် နှိုး၍မရ


ပေ ။


        " တင်ဦး ... အိမ်မှာ မစမ်းခဲ့ဘူးလား "


        " စမ်းပါတယ် ... ဆရာကိုယ်တိုင်စမ်းတာပါ .. အိမ်


မှာတုန်းက အကောင်းကြီးပဲ "


         အားလုံး အကြပ်ရိုက်ကုန်သည် ။


         ဇောချွေးပြန်အောင်ကြိုးစား၍ နှိုးသော်လည်း မရ


ပေ ။


         " ဘယ်လိုလုပ်ကြမလဲ ကိုကို "


         " ရမှ မရတာ ... ဒီတိုင်းနေရုံပေါ့ .. အလောင်းလာမှ


အဖေ့ကိုပြန်ခေါ်ရင်း နောက်တစ်လုံးယူလာရမယ် "


         " ဒါဆို ဒီမှာဘယ်လိုနေကြမှာလဲ "


         " ဓာတ်မီးထိုးနေကြပေါ့ "


         " ဓာတ်မီးက နှစ်လက်တည်း .. ဖြစ်ပါ့မလား "


         တစ်ယောက်တစ်ပေါက် ပြောနေကြသည် ။


          " ဪ.. စက်ပေါ်မှာ ဖယောင်းတိုင်ပါသေး


တယ်မဟုတ်လားဖိုးအေး "


          " ပါ .. ပါသေးတယ် "


          " သွားယူလေကွာ ... ဓာတ်မီးကြီးကိုင်ထားပြီး "


          ဖိုးအေးလက်ထဲတွင် ဓာတ်မီးကိုင်ထားသဖြင့်


လှမြင့်က သွားယူခိုင်းခြင်းဖြစ်သည် ။


          ဖိုးအေးသည် မလှမ်းမကမ်း တွင် ရပ်ထားသော.


ထော်လာဂျီကို ကြည့်လိုက်သည် ။


         ထော်လာဂျီသို့သွားရောက်ရန် အုတ်ဂူဖြူဖြူနှစ်လုံး


ဘေးမှ ဖြတ်သွားရမည်ဖြစ်သည် ။


          ထိုစဉ် ...


         " အူ ... ဝူး ... ဝူး ..... "


         တောခွေးအူသံကြီး ထွက်ပေါ်လာလေသည် ။


         အားလုံးစိတ်ထဲတွင် သိမ်ငယ်သွားသလို ခံစားလိုက်


ရ သော် ဖိုးအေးအဖို့တော့ ပြောစရာလိုမည်မထင်ပေ ။


         " ငါ ... ငါမသွားရဲဘူးကွ "


         " မင်းကလည်းကွာ ... ယောကျ်ားမဟုတ်တာကျနေ


တာပဲ ... ပေး .. ဓာတ်မီး "


          တင်ဦးက ဖိုးအေးကို ပြစ်တင်စကားဆိုရင်း ဓာတ်မီး


လှမ်းတောင်းရာ ဖိုးအေးမှာ တစ်စုံတစ်ရာပြောဆိုခြင်းမပြု


ဘဲ ဓာတ်မီးကို တင်ဦးလက်သို့ လွှဲပြောင်း၍ ပေးလိုက်


သည် ။


          " အူ ... ဝူး ....... "


          ခွေးအူသံများမှာ အဆက်မပြတ်ထွက်ပေါ်နေပြီး


လမိုက်ညမို့ မှောင်မည်းတိတ်ဆိတ်နေသည် ။


          တင်ဦးသည် ဇရပ်ပေါ်မှဆင်းမည်အပြု ခြေလှမ်း


တန့်သွားသည် ။


         " ဂီး ... ဂစ် .. ဂစ် ... "


         ဇရပ်ခေါင်မိုးပေါ်မှ ငှက်ဆိုးထိုးသံ ။


         ဖိုးအေးကို ပြောထားသည့်အပြောကြောင့်သာမ


ဟုတ်ရင် တင်ဦး ဆက်သွားမည်မဟုတ် ။


        ယခုမူ ... ။


        စိတ်ကိုတင်းထားရင်း ဇရပ်ပေါ်မှဆင်းကာ လာခဲ့


သည် ။


         ရှေ့တွင် အုတ်ဂူနှစ်လုံး ။


         တစ်လုံးက သစ်လွင်လွင်ရှိသော်လည်း နောက်တစ်


လုံးမှာ ဟောင်းနေပြီဖြစ်သည် ။


         ခြေလှမ်းကျဲကြီးဖြင့် အမြန်သွားရာ ထော်လာဂျီဆီ


သို့ ရောက်သွားသည် ။


         ရှာကြည့်တော့ ဖယောင်းတိုင် အတုတ် ၂ ထုပ်ကိုတွေ့သဖြင့် ယူကာ ပြန်လာခဲ့သည် ။


         အုတ်ဂူအသစ်ရှေ့အရောက်တွင် ရုတ်တရက် လက်


ထဲမှ ဓာတ်မီးမှိတ်သွားသည် ။


         " ဟာ ... ဒုက္ခပါပဲ "


          ညည်းညူရင်း ဓာတ်မီးကို လက်ဝါးဖြင့်ရိုက်လိုက်ရာ


မီးလင်းလာသည် ။


         သို့သော် သူ့ရှေ့တည့်တည့် မြေပြင်ပေါ်မှ အရာ


ကြောင့် တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသည် ။


         " ဟင် ... လက် .. လက်ပြတ်ကြီး "


         တံတောင်ဆစ်မှ ပြတ်နေသော လက်ပြတ်ကြီးသည်


အရိုးကျနေခြင်းမဟုတ် ။ ပုတ်ပွနေသယောင်ယောင် ။


         တင်ဦးသည် စိတ်ခံစားမှုတစ်ခုကြောင့် တောင့်


တောင့်ကြီးရပ်နေရာမှ ခေါင်းကို အုတ်ဂူသို့ဖြည်းဖြည်းချင်း


လှည့်ကြည့်ရင်း ဓာတ်မီးရောင်ကပါ အကြည့်နှင့်အတူ ရွေ့


ပါသွားသည် ။


          " ဟာ ... "


           နှလုံးခုန်နှုန်းများ ပေါက်ထွက်လုမတတ် မြန်ဆန်


သွားပြီး မွေးညင်းများမှာလည်း သံလိုက်ဆွဲအားနှင့် အဆွဲခံ


ရသည့်အလား ထောင်တက်ကုန်သည် ။


           အုတ်ဂူစွန်းတွင် ပက်လက်အိပ်နေသော မိန်းက


လေးတစ်ယောက် ။


           သူမ၏ ဇက်သည် အုတ်ဂူနှင့် လွတ်နေသဖြင့်


နောက်သို့ လှန်ချထားလေရာ တင်ဦးကို ဇောက်ထိုးကြီး


ကြည့်နေသကဲ့သို့ ဖြစ်နေသည် ။


          ဆံပင်များ ဖွာလန်ကျဲနေပြီး မျက်နှာတွင် အသား


ဟူ၍ စိုးစဉ်းမျှ မရှိဘဲ အရိုးငေါငေါ ၊ မျက်ကွင်းညိုကြီး


ဖြင့် စိုက်ကြည့်နေခြင်းဖြစ်သည် ။


          တင်ဦးသည် အသက်ပင် မရှူမိဘဲ အသိကင်းမဲ့ကာ


သူမအား ကြည့်နေမိရာမှ အစွယ်ငေါငေါဖြင့် ရယ်ပြလိုက်သော သူမ၏ ကြောက်မက်ဖွယ်ရာမျက်နှာကြီးကြောင့် အ


သိပြန်ဝင်လာလေသည် ။


          " အောင် .. မ .. လေး .. ဗျ ... "


          အားကုန်အော်ဟစ်ကာ ဇရပ်ဆီသို့ ပြေးသွားရာ မြေ


ပြင်မှ လက်ပြတ်ကြီးကိုပင် သတိမရတော့ ။


          ဇရပ်ပေါ်မှလူများမှာ အော်ဟစ်ပြေးလာသော တင်


ဦး၏အဖြစ်ကို မသိကြသဖြင့် အကြောင်သားငေးကြည့်နေ


ကြသည် ။


          " သရဲ ... သရဲ ... "


          " ဘုန်း .. "


          တင်ဦးတစ်ယောက် ဇရပ်ပေါ်အတက်တွင် မှောက်


ရက်လဲကျသွားသဖြင့် အားလုံးအမြန်ထူပေးလိုက်ကြရ


သည် ။


          " ဘာဖြစ်တာလဲ တင်ဦး "


          " ဘာဖြစ်တာလဲ "


          " သ .. သရဲမ. .. သရဲမကြီး "


          ဖိုးအေးမှာ နေစရာမရှိအောင်ပင် ကြောက်သွားရ


သလို လှမြင့်လည်း တုန်လှုပ်သွားသည် ။


         " ဟုတ်လို့လား တင်ဦးရာ "


         ကိုကိုက လက်မခံချင်ပေ ။


         " အူ ... ဝူး ... "


         အဆက်မပြတ်အူနေသော ခွေးအူသံ ၊ မှောင်မိုက်


သောည ၊ တိတ်ဆိတ်နေသောပတ်ဝန်းကျင်သည် ကြောက်


တတ်သူအဖို့ သွေးပျက်ဖွယ်ရာ အသွင်ကို ဆောင်နေသည် ။


          " ဟုတ်တယ် ကိုကို ... ငါ သေချာမြင်လိုက်တာ ..


ငါ တော်ရုံဆို မကြောက်တတ်တာ မင်းလည်းသိသားနဲ့ "


          " ဘယ်မှာတွေ့တာလဲ "


          " ဟို .. ဟိုအုတ်ဂူပေါ်မှာ ပက်လက်ကြီး ... ဖ


ယောင်းတိုင်ထုပ်တွေတောင် အဲ့နားမှာ ပြုတ်ကျခဲ့တာ "


          " ကောင်းပြီလေ ... ငါသွားကောက်လိုက်မယ် "


          " မ .. မသွားပါနဲ့ကွာ "


          " ဘာလို့လဲဟ "


          ထိုအခါ လှမြင့်ကပါ ဝင်ပြောသည် ။


         " ဟုတ်တယ်ကိုကို ... ငါတို့ ဓာတ်မီးနဲ့ပဲ နေလို့


ရပါတယ် "


         " မဟုတ်တာကွာ "


         ကိုကိုက ထိုသို့ပြောကာ ဇရပ်ပေါ်မှ ဆင်းလိုက်


သည် ။


          တစ်နာရီ ထိုးပြီးသွားပြီ ။


          " အူ ... ဝူး ..... "


          ခွေးအူမြဲအူနေပြီး ညဉ့်ပိုးကောင်တို့၏ အော်မြည်သံ


များမှာ ထူးဆန်းစွာ ကွယ်ပျောက်နေသည် ။


          ကိုကိုသည် ဟိုဟိုသည်သည် ဓာတ်မီးဖြင့်ဝေ့ကြည့်


ရင်း လျှောက်လာခဲ့သည် ။


          မကြာမီ အုတ်ဂူရှေ့တွင် ဖယောင်းတိုင်ထုပ်ကိုတွေ့


လိုက်ရသဖြင့် အုတ်ဂူပေါ်သို့ တစ်ချက်ဝေ့ကြည့်ကာ ဖ


ယောင်းတိုင်ထုပ်ကို လှမ်းကောက်လိုက်သည် ။


          " ဟင် .... "


          မခံစားဖူးသော ခံစားချက်ကြောင့် ကျောရိုးတစ်


လျှောက်စိမ့်တက်သွားသည် ။


          အေးစက်စက် အထိအတွေ့ ။


          မျက်လုံးကို ကစားကြည့်လိုက်တော့ ဖယောင်းတိုင်


ထုပ်ကို လှမ်းကောက်သော မိမိလက်ကို ဆုပ်ကိုင်ထား


သော လက်တစ်ဖက် ။


           ပိန်ကပ်ကပ်လက်ကလေးသည် ရေခဲတုံးတမျှ


အေးစက်နေသည် ။


          မသိမသာ တိုးဝင်နေသော ကြောက်စိတ်ကိုအတင်း


ပြန်မောင်းထုတ်လိုက်ပြီး အသက်ကို မှန်မှန်ရှူကာ ထိုလက်


၏ လက်ချောင်းမှစကာ အရင်းအတိုင်း မီးဖြင့် တရွေ့ရွေ့


ထိုးသွားလိုက်သည် ။


          " ဟင် .. "


          ကိုကို ပါးစပ်အဟောင်းသား ဖြစ်သွားသည် ။


          အဆိုပါလက်သည် လက်မောင်းရင်းနေရောအရောက်တွင် အုတ်ဂူနှင့် ထိစပ်သွားသည် ။


          ချွေးစို့လာပြီ ။


          မိမိလက်အား မလွှတ်တမ်းဆုပ်ထားသော ထိုလက်


ကို ခြေဖြင့်နင်းကာ အတင်းဆွဲယူလိုက်မှ လွတ်သွားသည် ။


          ကိုကိုသည် ထိုလက်အား မီးဖြင့်ထိုးကြည့်နေရာမှ


လက်သည် တဖြည်းဖြည်းတိုသွားကာ အဆုံးတွင် အုတ်


ဂူတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည် ။


          အဆိုပါဖြစ်ရပ်ကို လက်မခံနိုင်သဖြင့် အုတ်ဂူကို


သေချာကြည့်လိုက်ရာ ထူးခြားမှုတစ်ခုကို တွေ့လိုက်ရ


သည် ။


           အုတ်ဂူဘေးဖက်တစ်နေရာသည် အလိုလို အပြင်


သို့ ဖောင်းထွက်လာသည် ။


           ထိုသို့ဖောင်းထွက်လာရင်း အဆုံးတွင် အမျိုးသမီး


တစ်ဦး၏ ခေါင်းတစ်လုံး အပြင်သို့ရောက်လာကာ အုတ်ဂူ


တွင် ကပ်လျက်ကြီးဖြစ်နေသည် ။


          ကိုကိုသည် အိမ်မက်လူသားပမာ ခံစားနေရပြီး ထို


ခေါင်းကြီးကို မမှိတ်မသုန် စိုက်ကြည့်နေမိသည် ။


          ခေါင်းကြီးသည် ကြောက်မက်ဖွယ်ရာ မျက်နှာသွင်


ပြင်မျိုး ရှိနေပြီး ဆံပင်များက အောက်သို့ တွဲကျနေသည် ။


         မျက်တွင်းဟောက်ပက် ၊ ပါးရိုးကားကား ၊ အရိုးပေါ်


အရေတင် ၊ အစွယ်ဖွေးဖွေးတို့မှာ ကိုကို၏ စိတ်များကို


အဝေးသို့ ဆွဲခေါ်သွားသည် ။


         ထိုး့နောက် ခေါင်းကြီးသည် နောက်သို့ ပက်လက်


လှန်ချလိုက်ရာ ကိုကို့ကို ဇောက်ထိုးကြည့်သလိုဖြစ်သွား


ကာ ပို၍ ကြောက်စရာကောင်းသွားသည် ။


         " အား .... "


         ဓာတ်မီးရော ၊ ဖယောင်းတိုင်ထုပ်ပါ လွှတ်ချကာ


ပြေးမိပြေးရာပြေးရာ ခလုတ်တိုက်ကာ လဲကျသွားရင်း အုတ်ဂူစွန်းနှင့်ခေါင်း ဆောင့်မိကာသတိပါမေ့သွား


လေသည် ။




          ထိုအချိန်တွင် သချိုင်းထဲသို့ ကားတစ်စီးဝင်လာ


သည် ။


          ဦးစိန်ဘ ဖြစ်သည် ။


          မကြာသေးမီက ဖုန်းလိုင်းများ ပြန်လည်ကောင်းမွန်


လာသဖြင့် ဇနီးသည်ထံမှ အဆက်အသွယ်ရ၍ လိုက်လာ


ခြင်းဖြစ်သည် ။


          အလောင်းထုတ်ရန် ဒီညအဆင်မပြေသေး၍ မနက်


မှ ရောက်မည်ဖြစ်ကြောင်းကို သိသိချင်း သချိုင်းသို့ လိုက်


လာခဲ့ခြင်းဖြစ်သည် ။


          သူအရောက်မြန်ပေလို့သာပေါ့ ။


 


         ထို့နောက် သတိမေ့နေသော ကိုကိုကို ဝိုင်းဝန်းပြုစု


ပေးကာ သတိရလာသည်နှင့် သချိုင်းမှ ပြန်ခဲ့ကြသည် ။


         တင်ဦးနှင့် ဖိုးအေးကို ထော်လာဂျီဖြင့် ရှေ့မှ အရင်


ပြန်စေသည် ။


        လှမြင့်ကို ဆိုင်ကယ်ဖြင့် လိုက်စေသည် ။


        ကိုကိုကို ဦးစိန်ဘ၏ ကားပေါ်တွင် လိုက်ပါစေကာ


နောက်ဆုံးမှ ပြန်ခဲ့ကြသည် ။


   


         အလောင်းစောင့်တဲ့ည ရဲ့ အတွေ့အကြုံသည် ကိုကို့


ဘဝကို အကြီးအကျယ် တုန်လှုပ်ခြောက်ခြားသွားစေမှာ


အမှန်ပါပဲ ။ ။


                              ( ပြီး)


                    #############




မျှဝေခံစားပေးသူများကို


                                  လေးစားလျှက်


                                                                    ဂမ္ဘီရရွာ


No comments:

Post a Comment

Back to Top

MMDW ရဲ့ ပင်မတင်ဆက်မှု တစ်ခုဖြစ်သည်