နှစ်ယောက်ထဲမို့နာမည်ကြီးလွန်းတဲ့အမြန်လမ်းမှာညဖက်မောင်းဖို့စိတ်မကူးရဲခဲ့ဘူး။
မနက်ဝေလီဝေလင်းထထွက်လာတာလှည်းကူးကွန်ကရစ်လမ်းပေါ်တက်တော့အလင်းရောင်မြင်ရတာပဲ။
ကားကအသစ်ဟွန်ဒါဖစ်၂၀၁၃အဒေါ်တယောက်အတွက်သွားယူ
ပေးတာပါ။ညီအကိုနှစ်ယောက်၉၅ဆီသန့်တဲ့ဆိုင်မှာအပြည့်ဖြည့်တူ
တော်မောင်ရဲ့အော်တိုဆားဗစ်မှာ
အောက်ပိုင်းစစ်လေချိန်တာယာစစ်
ဘရိတ်ဆီဘက္ကထရီဂီယာဝိုင်အင်္ဂျင်ဝိုင်လိုအပ်တာအားလုံးနီးပါးစစ်ဆေးထားတာတောင် ကီလို၁၀၀ကျော်
အောင်မမောင်းဘူး။
သက်တောင့်သက်သာပါပဲ။လင်း
လင်းခြင်းခြင်းရှုခင်းတွေကြည့်လို့
မောင်းလာကြတာ။မသက်မသာ
ဖြစ်တာက ကျနော်ပါ။
ခရီးမသွားတာဆယ်စုနှစ်တော်ကြာ
ပြီဆိုတော့ အပေါ့ခဏ ခဏ သွား
ချင်တယ်။အမြန်လမ်းဆိုတော့ကား
ရပ်စရာနေရာလမ်းကျယ်လေးတွေ့မှရပ်ရတာလေ။
မိုင်တိုင်၈၀လောက်မှာရပ်ပြီးအပေါ့အပါးသွားတော့နေ့ခင်းဖြစ်ပေမဲ့နာမည်ကြီးလွန်းလို့တောစောင့်တောင်စောင့်မြေစောင့်တွေစိတ်ထဲကမှန်းအရိုအသေပြုပြီး
သွားရတာပေါ့။အများသုံးအိမ်သာလည်းမကြုံ
ကြုံတော့သွားချင်စိတ်ကမရှိနဲ့မို့လို့ပါ။
ကိစ္စပြီးလို့ကားပေါ်တက် စက်ပြန်နိုးထွက်တော့ နိုးတော့နိုးတယ်လီဗာနင်းမရဘူးဗျ
ကားက ဆီထဲရေပါသလားမသိ ဖွတ်ချက်ဖွတ်ချက် နဲ့မရွေ့ဘူး။အကုန်စစ်လာတာကို။
နင်းရင်းနင်းရင်းနဲ့မှစက်သံမှန်လာပြီး မောင်းရတယ်။
အကောင်းဗျ။ စိတ်ထဲ ပန့်တိုင်ကရေပါတဲ့ဆီနဲ့တိုးပြီပေါ့။
မောင်းရင်းစဉ်းစားမိတာက ဒီကား
တွေကကွန်ဗြူတာဘောက်ပါတယ်
တိုင်ကီထဲ ပန့်တလုံးအပိုပါသေးတယ်။ရေပါရင်အခုလိုလျောလျောရှုရှုမောင်းရပါ့မလားလို့ပေါ့။ဒါပေမဲ့ကားကအ
ကောင်းဆိုတော့မေ့မေ့ပျောက်
ပျောက်ပဲဆက်မောင်းလာတယ်။
၁၁၅မိုင်မှာစားသောက်ပြီးပြန်ထွက်လာတော့ဒီကိစ္စ မေ့တောင်နေပြီ။
သိပ်မကြာခင် ဆန္ဒပြ လို့တခါ ရပ်ရပြန်တော့အရင်တခါလိုပဲ ကားစက်က နှိုးရပြီး နင်းမရပြန်ဘူး
ဒီတခါအတော်ကြာတယ်။ စက်ဖုံးတွေဖွင့်ဟိုကြည့်ဒီလှန်။အမှန်ကဘာမှလုပ်လို့လဲမရ
ခဏနေ တက်မောင်းတော့အကောင်း။
သိပ်တော့မသင်္ကချင်တော့။သေချာအောင်နေပြည်တော်ဒီဖက်မှာကြားထဲတခါရပ်
ကြည့်လည်းဒီအတိုင်းပဲဗျ။
ထူးခြားတာက စားသောက်ဆိုင်
ရပ်နားစခန်းတွေကြိုက်သလောက်ရပ် ပြန်နိုး လုံး၀ အကောင်းပဲ အဲ
ကြားလူသူမနီးတဲ့နေရာရပ်ရင်ဖြစ်တော့တာပဲ။
နောက်ပိုင်းတော့၃ကြိမ်၄ကြိမ်
လောက်စမ်းပြီး အပေါ့သွားချင်လဲ
စက်မသတ်တော့ပဲသွားယူရတယ်
မန်းလေးပြန်ရောက်လို့၅ရက်၆ရက်
ရှိပြီတချက်မှမဖောက်ပါ။
အော် အမြန်လမ်းက လမ်းအပြစ်
မောင်းသူအပြစ် ပါမက ပရလောကအမှောင့်များရှိနေမလား လို့ထပ်တိုးရမဲ့အပြစ်တခုလားထင်မိပါသည်။ အိုးစူး။






No comments:
Post a Comment