လမိုက်ညရဲ့ ယမင်းခင်

မိုးတွေ က သည်းသည်း ထန်ထန်ရွာလို့ နေသည်။...


အာကာ တစ်ခွင်လုံး မိုးရိပ်တိမ်လိပ်များဖြင့်မှောင်


မဲနေလေသည်။........


ထိုစဉ်.........အထုပ် အပိုးများထမ်း၍..လူသုံးယောက်မှောင်


ရိပ်ခို၍ ရွာပြင် သချိုင်းဘက်လျှောက်လာတာတွေ့ရသည်။..

ဝေါ::::::ဝေါ::::::::


ဂျိမ်း::::ဒလိမ်း:::


...ဂစ် ...ဂစ်......ဂီး::::::


ဌက်ဆိုးထိုးသံ လေပြင်းတိုက်သံတို့ ဖြင့် ပတ်ဝန်းကျင်


တစ်ခုလုံး အမင်္ဂလာ အတိ။....ဒီလိုအခြေအနေမှာ


အပြင်ထွက်နေဖို့ မဆိုထား ဘိ..လျှပ်ရောင်များဖြင့်


အိမ်ထဲမှာပင် ကျောချမ်းနေတာ....


ဤသို့သော အချိန်တွင် ထိုလူ သုံးယောက်မှာ


အဘယ်ကြောင့်...ရွာပြင် သင်္ချိင်းဆီ ဦးတည် ၍သွားနေပါ


သနည်း.......အထုပ်အပိုးတွေဖြင့် အဘယ်သို့သော


အကြံအစည်နဲ့ ဦးတည် လာသည် မသိ.......


ထိုစဉ်....လူသုံးယောက်တွင် ညိုညို ထွားထွားနှင့် လူမှ``


``ငထွန်း..ပစ္စည်း တွေ အကုန်ပါရဲ့လား....ဒီတစ်ခါ


အချီကြီးနော်...သူဋ္ဌေးသမီးကွ..´´




``ကဲပါ အာစိရာ .....လာသာလာရတာ သေတဲ့ကောင်မလေးက


 အစိမ်းသေ ဆိုတော့ ကျောအချမ်းသား ဗျ´´




ငထွန်းကပြောတော့ ခေါင်းဆောင်ဖြစ်ဟန်တူသူ လူညိုထွားကြီးက...


``တွေ့တော့ လည်းဘာဖြစ်လည်းကွ တို့မှ သွားမယူရင်


သူ့မှာ ပါတဲ့ ပစ္စည်း က မြေကြီးထဲ အကျိုးမဲ့နေတော့မှာ


 ပေါ့ကွ ....တို့ ကအကျိုးရှိအောင် အသုံးချပေးတာ ဟဲဟဲ ´´


``ဟုတ်တယ်ကွ တွေ့လည်း ကြောက်စရာ မရှိပါဘူးကွာ...


ကွမ်းတောင်ကို င်အလှ လေးပါကွ´´


``ဖိုးခက်က ယောကျာ်းပီပီနှာသံ ဖြင့် ဝင် ပြော


လိုက်လေသည်။......ခါတိုင်းအတွေ့အကြုံရှိပေမယ့်..


ဒီတစ်ခါထူးထူး ခြားခြား ကျောထဲ၌ စိမ့်နေလေသည်။ ..


အပြင်က မိုးတွေလေတွေ အရမ်းသည်းထန်နေပေမယ့် ..ရင်ထဲမှ


အပူကို ကိုယ်တိုင်သိနေကြသည်။.......ထိုစဉ်......


``ဝုန်း:::::::ဘုန်း::::´´


``အား:::အမေရေ´´


မဲမဲ သဏ္ဌာန် လေးက ဝါးရုံပင်တွေကြားဝင်ရောက်


 ပျောက်ကွယ်သွားလေသည်။...


``တောက်:::ယောကျာ်း မဟုတ်တဲ့ အတိုင်းပဲ့


ငထွန်းရာ တောကြောင်ပါ ဟ´´


``ကျွန်တော်လည်း ရုတ်တရက်ဆို လန့်သွားတာပေါ့ဗျာ..´´


``မင်းနော် စိတ်မခိုင်ရင် ခုတည်း က လှည့်ပြန်´´


``မပြန်ပါဘူး အာစိရာ..ယောကျာ်းပဲ့ ´´


ငထွန်းစိတ်ထဲ အားတင်းကာပြောရသော်လည်း...


လှည့်ပြန်ချင်စိတ်ကသာ ကြီးစိုးနေသည် ..ဒါပေမယ့်


တစ်ယောက်ထဲလည်းမပြန်ရဲ..ရွာနဲ့ အတော်လှမ်းလာပြီ...


သင်္ချိုင်းကိုတောင် ပျပျလေး လှမ်းမြင်နေရပြီ...သုဘရာဇာ


တဲလေး နံဘေးက..ညောင်ပင်ကြီးကို ကြည့်ရသည်မှာ လည်း


ညမှောင်မှောင်တွင် တစ္ဆေ တစ်ကောင်ထိုင်နေသည့်နှယ်....


တကယ်တော့ ငထွန်းက လူရိုး အဆွယ်ကောင်းတာရော


မိသားစု အခြေနေကြောင့်ရော လိုက်သာရတာ...


လာစက အရက်ကလေး တထွေထွေနဲ့ စိတ်ဓာတ်တက်ကြွနေသော်


လည်း..ခုတော့ ကြောက်စိတ်ကသာ လွမ်းမိုးနေပြီ။...။




ခုလာတာက ...ဟိုလွန်ခဲ့သောသုံးရက်ခန့်က ကိုင်းထဲသွားရင်


 ပို့ ထိသေသွားတဲ့ ရွာရဲ့ ကွမ်းတောင်ကိုင်တစ်ဖြစ်လည်း


ရွာ့မျက်နှာ ဖုံး..ပြောရမယ်ဆို တောသူဌေးပေါ့...ဦးခင်ရွှေ...


.ဒေါ်မိလေး တို့ရဲ့ တစ်ဦးတည်းသောသမီးလေး......


ရုပ်ရည်ရော ..ဓန ပါ အရာရာ ပြည့်စုံပေမယ့်


ကံမကောင်းရှာသူလေး.....


ပိုးထိဆို ကိုင်းထဲမှာပင် အသက်ပျောက်တာမို့...ရွာပြင်


သင်္ချိုင်း ဇရပ်မှာ ပင်သရဏဂုံတင် သဂြိုလ်လိုက်ကြသည်။..


မိဘနှစ်ပါးမှာ..တစ်ဦးတည်းသော သမီးလေးအတွက်


ယူကြုံးမရတာမို့ သမီးလေးပိုင်ဆိုင်သမျှ ရွေငွေ


လက်ဝတ်လက်စားပါ


ထည့် မြုပ်လိုက်သည်တဲ့။


ဒီသတင်းကြားတော့ ....အာစိနဲ့....ဖိုးခက် ဆရာတပည့်


 နှစ်ယောက်က သူ့ကို အဖော်စပ်ကြသည်။.


ယမင်းခင် အုတ်ဂူဖောက် ပစ္စည်း ယူမယ်ပေါ့ သူပထမ


 ငြင်းပါသေးသည်..နောက်တော့ သူ့ကလေးတွေနဲ့


 မွေးခါဖွားခါနီး မိန်းမ မိပန်းလေး မျက်နှာနဲ့ လက်ခံခဲ့သည်။..


``အူ::::::::::::::ဝူး::::ဝူး:::::::::´´´


ရုတ်တရက်ခွေးအူသံကြောင့်..ငထွန်းအတွေ့စတို့


 ပြတ်တောက်သွားရသည်။..ဟင်..သချိုင်းဝတောင်ရောက်နေပြီပဲ့


ညမှောမှောင်အောက်မှာ ထီးထီး ကြီးတည်ရှိနေသော


သချိၤုင်းကြီးမှာ ခြောက်ခြားဖွယ်အတိ:::::::::


"ကိုင်း သင်္ချိုင်းတော့ရောက်ပြီ


အုတ်ဂူရှာမယ် ……:::::::ဒီဘက်ထင်တယ်


ဖိုးခက်ဓါတ်မီးထုတ် တခြားလိုက်ထွန်း မနေနဲ့ဦး သချိႋုုင်းက


 ရွာသုံးရွားကြားဆိုတော့ မတော်မီးရောင် မြင်လို့


ထွက်လိုက်ရင် ငါတို့ပြေးလမ်းပိတ်ပြီးးးးးးးးးးးးးးး""


""ငထွန်း သံတူရွင်းယူခဲ့ ဂူဖြိုမယ်"


သူတို့ခေါင်းဆောင်ကညွှန်ကြားနေရင်းမှ


"ခဏကွမေ့တော့မလို့ ကွင်းပိုင်ပသရဦးမယ်"


ပြောပြောဆိုဆို အသင့်ယူဆောင်လာသောမုန့် အချို့နှင့်


ဖယောင်းတိုင်စိုက်ကာ ဘာတွေပြောနေသည်မသိးးးးးးး


""ကိုင်းရပြီ တူးတော့ ကြောက်မနေနဲ့ရဲရဲသာတူး"


ကြောက်မနေနဲ့ဆိုပေမယ့် လက်မှာ ချွေးတွေ လား ရေလား


မပြောတတ်ရွဲနစ်နေပြီးးးမိုးကသည်းနေရာမှ


တဖြောက်ဖြောက်သာ ကျနေတော့သည်။


အပြင် အင်္ဂတေသားကွာတော့ အုတ်ချပ်တွေ က သံတူရွင်းနှင့်


ကလော်ထုတ်ရတာလွယ်လာသည် ။


အာစိလည်း ပါးစပ်ဖြင့်ပြောနေရာမှကိုယ်တိုင်ပါဝင်လာသည်။


ဖိုးခက်ဆိုတဲ့ကောင်ကပိန်သေး အဖြစ်ရှိတဲ့ကောင်


မဟုတ်တာမို့ ဓာတ်မီးထွန်းပြရုံးးးးး


အုတ်ချပ်ခွာပြီးသည်ထိ ဘာမှမထူးခြားသေးးးးးးတလား


နားရောက်တော့ အပုတ်နံ့က လှိုင်လာသည်။




"ထွီးးးးးးးအားနံလိုက်တာကွားးးး"


ထွန်းခင်ညည်းတော့ အာစိက




"လူသေပဲ့ကွ မွှေးတယ် ဘယ်ရှိမလဲကွ''


"ဖယ် မင်းထွက်တော့းးးငါ တလားခွာမယ်''




တော်တော်အတွေ့အကြုံများတယ်ထင့်မြန်လည်း မြန်ပါ့


ပြောပြောဆိုဆို တလားဖုံးဆွဲခွာလိုက်တော့ အပုပ်နံ့နှင့်အတူ


 မြင်လိုက်ရတာကြောင့် ငထွန်းမှာ ဖင်ထိုင်လဲ သွားလေသည်။


ကွမ်းတောင်ကိုင်ရွာအလှလေးယမင်းခင်ဆိုပဲ့၃ရက်အတွင်း


မျက်နှာက ပုပ်ပွဖူးယောင်ပြီး ဗိုက်ကြီးက


 ဖောင်းထွက်နေလေသည်။မျက်လုံးက


 ပြူးထွက်နေပြီး နှုတ်ခမ်းသား နံဘေးက ဘာကောင်


ကိုက်ထားသည်မသိ အသားမရှိပဲ့ သွားဖုံးအရင်း


ထိမြင်နေရသည်။


အာစိတစ်ယောက် အလောင်ကောင်ထဲထားသော


 တလားထဲ ဟိုနှိုက်ဒီရှာ အလုပ်များနေရာမ


ှ"ဟားးးးးဟားးးးးးးးးတွေ့ပြီ "


"သမီးကိုတကယ်ချစ်တဲ့မိဘတွေပဲ့ ထည့်လိုက်တာမနည်းဘူး''


အာစိပြသော ပစ္စည်းတွေကြည့်ရင်း အလောင်းကောင်အား


သူရော ဖိုးခင်ပါ တဒင်္ဂမေ့လျော့သွားလေသည်။




"အောင်ပြီကွးးးးးး ဟားးးးဟားးးးးဟားးးးး''


သူတို့သုံးယောက်သားရယ်နေကြစဉ် လေပြင်းကြီး


တစ်ချက်ဝေ့၍………………


"အီးးးးးးဟီးးးးးးးဟိးးးးးးးးးးး


ဟားးးးးးးးးးးဟားးးးးးးဟးးးးးးးးး'''




သူတို့ရဲရယ်သံဆုံးသည့်တိုင် မဆုံးနိုင်သော နောက်ဆက်


တွဲရယ်သံကြီးကြောင့် နောက်သို့ကြည့်လိုက်စဉ်


ယမင်းခင်အား အုတ်ဂူ ပေါ်၌ထိုင်လျက်တွေ့လိုက်ရသည်။


သေတဲ့ရက်က အကျီၤနှင့်အကောင်းတိုင်း လှလှ ပပတွေ့


လိုက်ရတော့ သုံးယောက်သား မှင်သက်နေမိသည်။ ယမင်းခင်မှ


"နင်တို့ ဘာလုပ်တာလဲ ငါ့မိဘတွေ ငါ့ကိုပေးတဲ့အမွေ ခုထားခဲ့ ''


"မထားခဲ့ နိုင်ဘူး နင်ကသေလူပဲ့ ဒီပစ္စည်းတွေ ဘာလုပ်မှာလည်း"


အာစိ ကပြောတော့ သရဲမ ယမင်းခင်က


"ကြည့်ကြသေးတာပေါ့ ဟားးးးးးးဟားးးးးးးးးးဟားးးးးးးးးး


တဖြည်းဖြည်း ရယ်နေရာမှ ခုဏက အလောင်းကောင်


ရုပ်ကြီးပေါက်လာကာ အုတ်ဂူထက်မှ လွှားကနဲ


ခုန်ဆင်းကာ အာစိကို ဖမ်းအုပ်လိုက်လေသည်။ ငထွန်းနှင့် ဖိုးခက်မှာ


ဘယ်လို ကျန်ခဲ့တယ်သတိမထားမိတော့


"အားးးးးးးအားးးးမလေး ကြောပါပြီဗျ"


ရွာထဲ ဘက်တစ်ချိုးတည်း လစ်ပြေးတော့ ရွာထဲ မီးကင်း


တဲရှေ့လည်းရောက်ရော နှစ်ယောက်လုံးသတိလစ်သွားလေသည်။


…………………………………………………


ဒီလိုနဲ့ ဆရာခေါ်မန်းမှုတ်သတိရလာတော့ နှစ်ယောက်သား


အပြစ်ကို ဝန်ခံကာ ရွာသားအချို့နှင့် ရွာပြင်သင်္ချိုင်းသွား၍


တချို့က ဆရာတော်သွားပင့်ကြလေသည်။


ဦးခင်ရွှေတို့အိမ်လည်း အကြောင်းကြား၍သင်္ချိုင်းလိုက်ခဲ့စေသည်။


……………………


ဆရာတော် ဦးခင်ရွှေဇနီးမောင်နှံနှင့် ငထွန်း ဖိုးခက်နှင့်


ရွားသားများသင်္ချိုင်းရောက်တော့ မနက်၆နာရီ ဝေလီဝေလင်းချိန်


မင်္ဂလာမနက်ခင်းမှ အမင်္ဂလာ မြင်ကွင်း


့ လက်တစ်ဖက်၌ ရွှေငွေ လက်ဝတ်လက်စားများကိုင်ကာ


အသက်ပျောက်နေသော သူတို့ခေါင်းဆောင်


အာစိနှင့်းးးးးဟင်းလင်းပွင့်လျက်တလားထဲမှ ပကတိအသွင်ဖြင့်


 သေစဉ် ကအတိုင်းလှပဆဲရှိသည့် ယမင်းခင် အလောင်းကို


အံ့သြစွာတွေ့ရလေသည်။ ညက ပုပ်ပွနေတဲ့


အလောင်းက ဘယ်ရောက်သွားပါလိမ့််။ ။းးးးး


ဦးခင်ရွှေမှ


''သမီးလေး ရယ် ဖေဖေတို့ သမီးလေးကို ချစ်လို့


သမီးလေးပိုင်ဆိုင်တာ အကုန်ပေးအပ်လိုက်တာ


 လောဘကြောင့် လူတစ်ယောက်လည်းအသက်ဆုံး


သမီးလည်းမကျွတ်


လွတ်ဖြစ်ပါပေါ့လားကွယ်းးးးးးးဖေဖေတို့ဒီပစ္စည်းတွေ


လှူပြီး အမျှဝေပါ့မယ် သမီးလေး သာဓု ခေါ်ပါကွယ်'''


ထို့နောက် ယမင်းခင်အလောင်းအားဂူပြန်သွင်း၍


အာစိကိုလည်း သင်္ချိင်းမှာပင်သဂြိုလ်လိုက်ကြသည်။


……………………………………………………


နောက်နှစ်ရက်အကြာ


ဦးခင်ရွှေတို့ အိမ်၌အလှူပွဲ ကျင်းပရာ ၌ ငထွန်းနှင့် ဖိုးခက်က


မိတို့အပြစ်အား ဝန်ချတောင်းပန်ကာ ဖိုးခက်က


 သင်္ကန်းစည်း လိုက်လေသည်။ ယမင်းခင်ရဲ့ပစ္စည်းတွေ ကို သံဃားဝေယျာ


ဝစ္စလှူ၍သာဓု ခေါ်ဆိုလေသည်။


းးးးးးးးးးးးးးးးးးးးးးးး


တကယ်တော့ သေဆုံးသူနောက် ဘာပစ္စည်းမှမပါနိုင်ပါဘူး


သံယောဇဉ်မကုန်လို့ အဆစ်ထည့်ချင်တယ် ဆိုရင်


 ကောင်းမှုှု ကုသိုလ်လေးဖြစ်ပါစေလို့ ဆန္ဒပြုရင်းးးးးးးးးးးးးး

The end.

Writer-Kyaw Kyaw


No comments:

Post a Comment

Back to Top

MMDW ရဲ့ ပင်မတင်ဆက်မှု တစ်ခုဖြစ်သည်